COVID-19 ကာလမှာ ကလေးတွေကို သတိရှိရှိပြုစုပျိုးထောင်ခြင်း

Happy Asian family are enjoy with son in studio

Covid-19 ကာလမှာ ကလေးတွေကို ပြုစုပျိုးထောင်ရတာနဲ့ပတ်သက်ပြီး စိန်ခေါ်မှုတွေအများကြီးကြုံ နေရလား ဖေဖေ၊ မေမေတို့ရေ။

ဒီလိုကြုံနေရတယ်ဆိုရင် ဒါဟာ သင်တစ်ဦးတည်းမဟုတ်ဘူးလို့ ဆိုပါရစေ။ မျှော်လင့်မထားတဲ့ အ ပြောင်းအလဲအချိန်တစ်ခုမှာ ကလေးတွေအနေနဲ့လည်း သူတို့မကြုံဖူးသေးတဲ့ အတွေ့အကြုံသစ်တွေနဲ့ ကြုံ နေရတာဆိုတော့ သူတို့တုံ့ပြန်မှုတွေက အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ပညာရှင်တွေကတော့ ဒီအချိန်မှာ ကလေး တွေကို အဆင်ပြေပြေအုပ်ထိန်းနိုင်စေဖို့ သတိရှိရှိပြုစုပျိုးထောင်ခြင်းနဲ့ပတ်သက်တဲ့ နည်းလမ်းလေးတွေကိုမျှ ဝေထားပါတယ်။ မိဘတွေအနေနဲ့ လက်ရှိစိန်ခေါ်မှုတွေကို ကလေးတွေတိုးတက်ဖို့အခွင့်အရေးအနေနဲ့ အသုံး ချနိုင်တယ်လို့လည်း ဆိုထားကြပါတယ်။ အကြံပြုချက်လေးတွေကို ဖတ်ကြည့်ပါဦးနော်။

၁။ စိုးရိမ်ပူပန်မှုမှာ အကြောင်းရင်းတွေအများကြီးရှိနိုင်တာကို သတိပြုပါ။

တစ်ခါတစ်ရံမှာ စိုးရိမ်ပူပန်ခြင်းဟာ ဒေါသထွက်ခြင်း၊ ဝုန်းဒိုင်းကြဲခြင်း၊ အာခံခြင်း၊ အော်ဟစ်ခြင်း၊ ငို ယိုဂျီကျခြင်း၊ အချိန်ဆွဲခြင်း၊ ပျင်းရိခြင်း၊ ရှုပ်ထွေးခြင်း၊ ဗရမ်းဗတာဖြစ်ခြင်းစတဲ့အရာတွေအဖြစ် အသွင်ပြောင်းလဲ ထားလေ့ရှိပါတယ်။ ဒါကိုသိနားလည်ထားခြင်းအားဖြင့် သင်နဲ့သင့်ကလေးတွေကြား နားလည်စာနာမှုတွေ ပိုဖန်တီးနိုင်စေပါတယ်။

၂။ သူတို့အပြုအမူထက် သူတို့အလိုဆန္ဒတွေဆီ ပိုအာရုံစိုက်ကြည့်ပါ။

ကလေးတွေဆန္ဒပြတယ်ဆိုတာ အကြောင်းပြချက်ရှိလို့ပါ။ အဓိကက သူတို့လိုအပ်ချက်တွေအတွက် လူကြီးတွေဆီက အာရုံစူးစိုက်မှုတွေကို လိုချင်ကြပါတယ်။ သင့်အနေနဲ့ သူတို့အပြုအမူနောက်ကွယ်က သူတို့ လိုချင်နေတဲ့အရာတွေကို ကြည့်ပေးဖို့ လိုအပ်ပါတယ်။ သူတို့တကယ်လိုအပ်နေတာတွေကို သိမှသာ သူတို့ရဲ့ လွဲနေတဲ့အပြုအမူတွေကို ပြန်ပြင်ဆင်ပေးနိုင်မှာပါ။ သူတို့စိတ်ခံစားချက်တွေကို ပိုအဆင်ပြေအောင် ကူညီပေး နိုင်မှာပါ။

၃။ သူတို့ခံစားချက်တွေအတွက် လွတ်လပ်ခွင့်ပေးပါ။

ကလေးတွေစိတ်ထဲ စိတ်ချလုံခြုံမှုကို ခံစားခွင့်ပေးပါ။ သူတို့ခံစားချက်ကို မဝေဖန်ပါနဲ့။ လက်ရှိအချိန် ကြောင့်ဖြစ်တဲ့ ခံစားမှုအသစ်တွေကို သူတို့ရင်ဆိုင်ကြုံတွေ့နေရတယ်ဆိုတာ နားလည်ပြီး လက်ခံပေးပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၎။ ဘာမဆိုဖြစ်နိုင်တယ်ဆိုတာ မျှော်လင့်ထားပါ။

သင့်ကလေးအနေနဲ့ လက်ရှိအခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် ရုန်းကန်နေရတယ်ဆိုတာ သ တိရပါ။ သူတို့ကိုယ်တိုင်တောင် မျှော်လင့်မထားတဲ့နည်းလမ်းတွေနဲ့လည်း ဒီအခြေအနေကို တုံ့ပြန်သွားနိုင်ပါ တယ်။ သင်ဖြစ်စေချင်တဲ့ပုံစံမျိုးတွေနဲ့ချုပ်ကိုင်ထားမယ့်အစား သူတို့တုံ့ပြန်မှုတွေကိုသာ စောင့်ကြည့်ပါ။

၅။ အားလုံးပြီးပြည့်စုံစေချင်တဲ့စိတ်ကို လွှတ်ချလိုက်ပါ။

ပြီးပြည့်စုံမှုကို လိုချင်လေလေ၊ လက်ရှိအခြေအနေကို လက်ခံနိုင်ဖို့ ပိုခက်ခဲလေပါပဲ။ အခုအချိန်ဟာ တင်းကြပ်တဲ့စည်းကမ်းတွေ၊ နေရာတကာစည်းစနစ်ကျနမှုတွေ၊ အချိန်ဇယားတွေကို လျှော့ချထားလိုက်တာက ပိုကောင်းတယ်လို့ ဆိုရမှာပါ။

၆။ အတိတ်နဲ့အနာဂတ်ကို ထွက်ခွာခွင့်ပေးလိုက်ပါ။

ဖြစ်မလာသေးတာတွေနဲ့ ပြီးပြီးသားတွေကို တွေးပူနေခြင်းက စိတ်ဖိစီးမှုများစေရုံအပြင် ဘာမှအကျိုးမ ရှိစေပါဘူး။ ဒီစိတ်ဖိစီးမှုတွေကို ကလေးတွေအပေါ် ထွက်ပေါက်ရှာမိတတ်တာကြောင့် အခုအချိန်မှာ အတိတ် ကိုလည်း မတွေးပါနဲ့။ အနာဂတ်ကိုလည်းမတွေးဘဲ လက်ရှိအချိန်ကိုသာ အကောင်းဆုံး လက်ခံဖြတ်သန်းပါ။

၇။ ကလေးတွေကို နှလုံးသားနဲ့ချဉ်းကပ်ပါ။

ကလေးတွေဆိုတာ ထိန်းချုပ်မှုကို ဗဟိုပြုချဉ်းကပ်တာမျိုးထက် နှလုံးသားကို ဗဟိုပြုပြီးချဉ်းကပ် တာမျိုးကို ပိုပြီးကောင်းမွန်စွာတုံ့ပြန်တတ်တဲ့သဘာဝရှိပါတယ်။ သူတို့မှားနေတဲ့အခါ အမှားပြင်မပေးခင် သူတို့နဲ့ဆက်ဆံရေး ခိုင်မြဲအောင်တည်ဆောက်နိုင်မယ့် နည်းလမ်းတစ်ခုကို အရင်ရှာဖွေသင့်ပါတယ်။

၈။ ကလေးတွေကို ပြစ်တင်ဝေဖန်မဲ့အစား စာနာပေးပါ။

ကလေးတွေကို ပြစ်တင်ဝေဖန်ပြီး၊ လူကြီးတွေဖြစ်စေချင်တဲ့အတိုင်း ဖြေရှင်းပေးဖို့ တောင်းဆိုရတာက လွယ်ကူပါတယ်။ အဲ့ဒီလိုမလုပ်ဘဲ ကလေးတွေရဲ့နေရာကို အရင်ဝင်ကြည့်ပေးပါ။ လူကြီးတွေရဲ့ နားလည်စာနာ မှုဟာ ကလေးတွေအတွက် အကြောက်တရားတွေဆီက ရုန်းထွက်လာပြီး လူကြီးတွေနဲ့ ပူးပေါင်းပါဝင်လိုစိတ် တွေကို နှိုးဆော်ပေးနိုင်ပါတယ်။

၉။ အပြစ်ပေးတာကိုရပ်ပြီး စာနာထောက်ထားမှုစည်းမျဉ်းလေးတွေကို ဖန်တီးပါ။

ကလေးတွေဟာ စည်းမျဉ်းတွေကို အစကနေ ရှင်းရှင်းလင်းလင်းနားမလည်တဲ့အခါ ပိုဆန့်ကျင်ပြတတ် ကြပါတယ်။ ဒါကြောင့် သူတို့ရဲ့တာဝန်ယူတွေအပေါ် အပြစ်တင်မယ့်အစား နှစ်ဦးနှစ်ဖက်အဆင်ပြေပြီး သူတို့ လည်းနားလည်လွယ်မယ့် စည်းမျဉ်းလေးတွေကို ပြောင်းလဲရေးဆွဲသင့်ပါတယ်။

၁ဝ။ သင့်ကိုယ်သင် ဦးစားပေးပါ။

မိဘတွေရဲ့ ပခုံးပေါ်မှာ တာဝန်တွေအများကြီးရှိပါတယ်။ ဒါကြောင့် လက်ရှိအချိန်ဟာ စိတ်ဖိစီးစရာမှန် သမျှကို တတ်နိုင်သမျှ လျှော့ချထားရမယ့်အချိန်ပါ။ သင့်ကိုယ်သင်အချိန်ပေးပါ။ အနားယူပါ။ အွန်လိုင်းလျှော့ သုံးပါ။ သင်က သင့်မိသားစုအတွက် အဓိကလူဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ သူတို့လိုအပ်ချက်တွေကိုမဖြည့်ဆည်း ပေးခင် သင့်ကိုယ်သင်ကျန်းမာပျော်ရွှင်အောင်ထားဖို့လည်း အရေးကြီးပါတယ်။

ဖေဖေ၊ မေမေတို့ရေ…

တကယ်တော့ ဒီအကျပ်အတည်းကာလဟာ မိဘတွေနဲ့ကလေးတွေကြား ပိုနက်ရှိုင်းတဲ့ ဆက်ဆံရေး တွေ တည်ဆောက်ဖို့ အရေးကြီးတဲ့အခွင့်အရေးတစ်ခုဆိုလည်း မမှားပါဘူး။ ကလေးတွေအနေနဲ့လည်း ဘဝဆို တာ အခက်အခဲတွေရှိတယ်။ နာကျင်စရာတွေလည်း ရှိတယ်။ ဒါပေမဲ့ အဲ့ဒါတွေက ယာယီဖြစ်တယ်။ ကျော်လွှား လို့ရတယ်ဆိုတာတွေကို သင်ယူနိုင်ကြမှာပါ။ ပြီးတော့ ခက်ခဲချိန်တွေကို လျှောက်လှမ်းနေရချိန်အတွင်း ချစ်ခြင်း မေတ္တာနဲ့ ခံနိုင်ရည်ရှိခြင်းတို့ရဲ့ စွမ်းပကားတွေအကြောင်းကိုလည်း သင်ယူနိုင်ကြမှာ အမှန်ပါပဲ။

သင်ကော ကိုဗစ်ကာလအတွင်း ကလေးတွေကို ဘယ်လိုနည်းလမ်းလေးတွေနဲ့ အုပ်ထိန်းဖြစ်နေလဲဆို တာ မျှဝေခဲ့ပါဦးနော်။