ဝေဖန်သံတွေကြားမှာ ကြိုးစားရုန်းကန်နေတဲ့ သမီးလေးအတွက်

blank

သမီးလေးရေ…

အချို့လူတွေက ကိုယ့်ဘဝကိုယ် ဘယ်လိုတိုးတက်အောင် ကြိုးစားရမယ်ဆိုတာ မစဉ်းစားဘဲ သူများကိုပဲ ဝေဖန်ကဲ့ရဲ့နေတတ်ကြတယ်။  သူတို့ရဲ့ ဝေဖန်မှုတွေကို သမီးယောင်လို့တောင် နားမယောင်မိပါစေနဲ့နော်။

သမီးအကြောင်းကို သမီးလေးလောက် ဘယ်သူကသိနိုင်မှာလဲ။ မဟုတ်ဘူးလား။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

အခု နယ်ပယ်အသီးသီးမှာ အောင်မြင်နေတဲ့သူတွေ တော်တော်များများမှာ ကဲ့ရဲ့လှောင်ပြောင်ခံရပြီး အထင်သေးခံခဲ့ရတဲ့အချိန်တွေရှိခဲ့ကြတယ်။ ဒါပေမဲ့ သူတို့အကောင်းဆုံးကြိုးစားပြီး အပြောနဲ့ကဲ့ရဲ့တဲ့သူတွေကို အလုပ်နဲ့သက်သေပြခဲ့ကြတယ်လေ။

သမီးလည်း ကိုယ့်ကိုယ်ကို အသုံးမကျဘူးထင်နေတာတွေ ရပ်လိုက်ပါတော့။ သမီးလေးရဲ့ ဘဝခရီးလမ်းတစ်လျှောက် ကံကောင်းခြင်းတွေ ဝေဆာနေပါစေ။