Lock down ကာလကို ဟန်းနီးမွန်းထွက်တဲ့အချိန်လေးကို ပြန်ရလိုက်သလို ခံစားရစေမယ့် Challenge

blank

ပထမရက်- ညစာအတူစားဖို့ လိုင်းပေါ်ကနေ စာတိုလေးနဲ့ လှမ်းဒိတ်ပါ။ ဖယောင်းတိုင်မီးလဲ့လဲ့ထွန်းပြီး  ရိုမန်တစ်ဆန်ဆန် ညစာစားပါ။

ဒုတိယရက်- ချစ်ခြင်းဖွဲ့ မှတ်စုတိုလေးတွေ ရေးပါ။ အိမ်ထောင်ဖက်ကို ဘယ်လိုအချက်တွေကြောင့် သဘောကျလာခဲ့တာလဲဆိုတဲ့ အချက်ကလေးတွေ ပါအောင် ရေးပါ။

တတိယရက်- ချစ်သူဘဝမှာ ပထမဆုံးရလိုက်တဲ့ အနမ်းတွေကို သတိရပါ။ အဲ့ဒီအချိန်လိုမျိုး ပြန်ရဖို့ ဖန်တီးပါ။

စတုတ္ထရက်- လက်တွဲဖော် ကြိုက်တတ်တဲ့ အစားအစာလေးတွေ ချက်ပြုတ်ကျွေးပါ။

ပဉ္စမရက်- တန်ဖိုးကြီးသည်ဖြစ်စေ၊ တန်ဖိုးနည်းသည်ဖြစ်စေ လက်ဆောင်ပေးပါ။

ဆဋ္ဌမရက်- ချစ်သူဘဝက အမှတ်တရရှိခဲ့တဲ့နေရာလေးတွေကို စိတ်ကူးနဲ့ ပြန်သွားကြည့်ပါ။

သတ္တမရက်- တစ်ယောက်လက် တစ်ယောက်ဆုပ်ကိုင်တာ၊ အနမ်းပေးတာ ပြီးတော့ ပွေ့ဖက်တာတွေကို နေ့စဉ်အလုပ်တစ်ခုလို ပြုလုပ်ကြပါ။

ကဲ… challenge လေးကို ဘယ်သူတွေပါချင်လဲ။ ကိုယ် challenge လုပ်ချင်တဲ့သူကို mention ခေါ်လိုက်တော့နော်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။