ကလေးလေးတွေ ဘာကြောင့် လိမ်တတ်လာကြတာလဲ။

blank

သားသားမီးမီးလေးတွေ လိမ်တတ်လာရခြင်းရဲ့ အကြောင်းရင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ဒုက္ခရောက်မှာစိုးလို့ လိမ်တယ်။

ညစာမစားခင် ကွတ်ကီးတွေ မစားရဘူးလို့ မေမေက ပြောထားတယ်။ ဒါကြောင့် ကွတ်ကီးတွေစားသေးလားလို့ မေမေ မေးတော့ မစားဘူးလို့ ဖြေလိုက်တယ်။

၂။ တခြားသူစိတ်ထိခိုက်သွားမှာစိုးလို့ လိမ်တယ်။

သူငယ်ချင်းက သူ့ဦးထုပ်အသစ်လေးလှရဲ့လားလို့ မေးတယ်။ ရုပ်ဆိုးတယ်လို့ ထင်မိနေပေမယ့် လှတယ်လို့ပဲ ပြောလိုက်တယ်။

၃။ မလုပ်ချင်တဲ့အရာကို လုပ်နေရမှာစိုးလို့ လိမ်တယ်။

ညဖက်အိပ်ရာထဲကနေ ထွက်ပြီး ရေအေးစက်စက်ကြီးမကိုင်ချင်ဘူး။ မေမေက သွားတိုက်ပြီးပြီလား မေးတော့ တိုက်ပြီးပြီလို့ ပြောလိုက်တယ်။

၎။ လုပ်ချင်တာမလုပ်ရမှာစိုးလို့ လိမ်တယ်။

အိမ်စာမပြီးရင် မကစားရဘူးလို့ မေမေကပြောထားတယ်။ ဒါကြောင့် အိမ်စာမပြီးသေးဘဲ ပြီးပြီလို့ ပြောလိုက်တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ တခြားသူတွေ ကိုယ့်ကို အားကျအောင်လို့ လိမ်တယ်။

သူငယ်ချင်းတွေက ဘောလုံးအကြောင်းပြောနေကြတယ်။ မနေ့က ရပ်ကွက်ထဲမှာ ဘောလုံးကန်တော့ ငါးဂိုးတောင်သွင်းနိုင်ခဲ့တယ်လို့ မဟုတ်ဘဲနဲ့ ပြောလိုက်တယ်။

၆။ လိမ်နေကျမို့လို့ လိမ်တယ်။

ဖေဖေက အခန်းထဲမှာ ဘာလုပ်နေတာလဲလို့မေးတယ်။ မဟုတ်တာလုပ်နေတာလည်း မဟုတ်ဘဲနဲ့ လိမ်ပြီး ဖြေမိတယ်။

၇။ တစ်စုံတစ်ယောက်ကို စိတ်ပျက်မသွားစေချင်လို့ လိမ်တယ်။

ဖေဖေနဲ့ မေမေက သားသားအတွက် အရမ်းဂုဏ်ယူကြတယ်။ လပတ်စာမေးပွဲမှာ အဆင့်ကောင်းကောင်းမရတော့ ဖေဖေတို့ စိတ်ပျက်သွားကြမှာစိုးလို့ လိမ်လိုက်တယ်။

၈။ စကားမပြောချင်လို့ လိမ်တယ်။

မေမေက သားသား အဆင်ပြေရဲ့လား၊ ဘာဖြစ်နေတာလဲလို့မေးတယ်။ စိတ်ထဲမှာ ဝမ်းနည်းနေသလိုလိုပေမယ့် ပြေပါတယ်၊ ဘာမှမဖြစ်ပါဘူးလို့ပဲ ဖြေလိုက်တယ်။

တကယ်တော့ လိမ်ညာခြင်းဆိုတာ မောင်နှမအချင်းချင်းကြား၊ သူငယ်ချင်းတွေကြား၊ မိဘနဲ့ သားသမီးကြား ဆက်ဆံရေးတွေကို ထိခိုက်စေနိုင်ပါတယ်။ လိမ်ပြောလေလေ ကိုယ့်စကားတွေကို ယုံကြည်တဲ့သူနည်းလာလေလေဖြစ်လာမှာပါ။ ယုံကြည်မှုဆိုတာ တစ်ခါဆုံးရှုံးပြီးသွားရင် ပြန်ရနိုင်ဖို့ ခက်ခဲပါတယ်။ ပြီးတော့ လိမ်ညာခြင်းဟာ တခြားသူတွေကို ကိုယ့်အပေါ် အမြင်စောင်းစေပါတယ်။ ကိုယ် တစ်ခါလေး လိမ်ခဲ့မိဖူးတဲ့သူတစ်ယောက်ဟာ သူ့အနားကလူတိုင်းကို ကိုယ်ဟာ ယုံကြည်လို့ရတဲ့သူတစ်ယောက်မဟုတ်ဘူးလို့ လိုက်ပြောနေပါလိမ့်မယ်။ ရိုးသားမှုရှိခြင်းကသာ အရာအားလုံးကို အဆင်ပြေနိုင်စေတယ်ဆိုတာ သားသားမီးမီးလေးတွေကို နားဝင်အောင် သေချာရှင်းပြထားလိုက်ပါ။

ဒီဗဟုသုတပေးစာစောင်လေးကို အခြားသူတွေလည်း သိရှိနိုင်စေဖို့ မျှဝေပေးသွားပါဦးနော်။