တစ်စုံတစ်ယောက်ကို တိတ်တိတ်လေးချစ်နေသူတွေသာ နားလည်နိုင်မယ့် ခံစားချက်လေးတွေ

blank

အချစ်ဆိုတာ ပူလောင်တယ်တဲ့။ နှစ်ဦးသဘောတူ တရားဝင်ချစ်ရတာထက် ပိုခံစားရတာက ကိုယ့်ရဲ့အချစ် တည်ရှိနေမှန်းတောင် မသိတဲ့သူတစ်ယောက်ကို တစ်ဖက်သတ်ချစ်နေရခြင်းပါပဲ။ တစ်စုံတစ်ယောက်ကို တစ်ဖက်သတ်ချစ်နေမိတဲ့အခါ…

၁။ တိတ်တခိုးချစ်နေရသူကို မျှော်လင့်ရင်း အခြားလူတွေရဲ့အချစ်တွေကို ငြင်းပယ်နေမိတယ်။

၂။ ကိုယ့်ရဲ့ကိုယ်ပိုင်အရည်အသွေးတွေက သူ့ကိုဖမ်းစားနိုင်ဖို့ မျှော်လင့်နေမိတယ်။

၃။ သူ့ဘေးနားမှာ ဘယ်သူရှိနေမလဲ ဆိုတဲ့စိုးရိမ်မှုက နှလုံးသားကို ပင်ပန်းစေတယ်။

၎။ သူဝမ်းနည်းနေရင် ကိုယ်က သူ့ထက်ပိုပြီး ဝမ်းနည်းခံစားနေတတ်တယ်။

၅။ ဘယ်သွားသွား၊ ဘာလုပ်လုပ် စိတ်ထဲမှာ သူအမြဲရှိနေတယ်။ စိတ်အာရုံထဲမှာလည်း သူ့အကြောင်းတွေပဲလွှမ်းမိုးနေတယ်။

၆။ တခြားသူတွေ ဘယ်လောက်ပဲတော်နေပါစေ လုံးဝအထင်မကြီးတတ်ဘူး။

၇။ သူနဲ့ ချစ်သူဖြစ်ခွင့်ပေးလာမယ့် ကံကြမ္မာကို စောင့်မျှော်နေမိတယ်။

၈။ သူနဲ့တွေ့ဆုံနိုင်မယ့်အခွင့်အရေးကို ကောက်ရိုးပုံထဲအပ်ပျောက်ရှာသလို ရှာရလည်း အပြုံးမပျက်ကြိုးစားတတ်တယ်။

၉။ ကိုယ့်အတွက်ကြောင့် သူနာကျင်ခံစားရမှာကိုကြောက်တာက စိတ်ထဲမှာ အချိန်ပြည့်ရှိနေတဲ့ စိုးရိမ်မှုတစ်ခုပါပဲ။

၁ဝ။ သူ့အကြောင်းတွေးလိုက်တိုင်း နွေးထွေးတဲ့ခံစားမှုတစ်မျိုးနဲ့ နှလုံးသားက နွေးထွေးနေတတ်တယ်။

ဂန္ထဝင်ပရိသတ်ကြီးရေ… သင်လည်း တိတ်တခိုးအချစ်ပိုင်ရှင်ဆိုရင် သင့်ခံစားချက်လေးတွေကို comment box မှာ ဝေမျှဖို့ ဖိတ်ခေါ်ပါရစေရှင်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။