COVID 19 ဟာ အိမ်တွင်းအကြမ်းဖက်ခံရဖို့အတွက် အခွင့်အခါတစ်ခုဖြစ်လာခဲ့ပြီလား။ စာချစ်သူတို့ရေ…။

COVID 19 ကြောင့် အိမ်မှာပဲနေနေကြတဲ့အခါ အချို့အိမ်ရှင်မတွေအနေနဲ့ ရောဂါထက်ဆိုးတဲ့ နာကျင်ထိတ်လန့်စရာတွေ ကြုံတွေ့နေရတယ်လို့ပြောရင် သိပ်ကိုအံ့သြသွားမလား။
ဒီလိုအခြေအနေမျိုးမှာ အိမ်တွင်းအောင်းနေရတဲ့ ကလေးတွေနဲ့ မိန်းမတွေအနေနဲ့ အိမ်တွင်းအကြမ်းဖက်မှု ခံရမှု ၂၁% အထိ မြှင့်မားလာခဲ့တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ အချို့ယောက်ျားတွေဟာ စိတ်ပိုင်းဆိုင်ရာ ယိမ်းယိုင်လာမှုတွေ၊ စီးပွားရေးအဆင်မပြေမှုတွေရဲ့ ထွက်ပေါက်အတွက် ဇနီးသည်တွေနဲ့ ကလေးတွေကို အကြမ်းဖက်ကြတာမျိုးကို ပြုလုပ်တတ်ပါတယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

လူတိုင်းဟာ စိုးရိမ်ပူပန်မှုတွေနဲ့ လုံးပန်းနေတဲ့အချိန်မှာ အကြမ်းဖက်တတ်တဲ့ ခင်ပွန်းတွေအတွက် အသုံးချစရာအခွင့်အရေးဖြစ်နေပါတယ်။ ဒါ့ကြောင့် ကျွန်မတို့အနေနဲ့ ကျွန်မတို့အနီးနားက လူတွေရဲ့ အခြေအနေတွေကို မျက်ကွယ်ပြုမထားဘဲ လိုအပ်ရင်ကမ်းလှမ်းလေးတွေ ပေးသင့်ပါတယ်။ ကျွန်မတို့လူချင်းဝေးနေတာဟာ တစ်ယောက်ရဲ့ အခက်အခဲ၊ ဒုက္ခတွေကိုတစ်ယောက် မမြင်နိုင်တော့တာမျိုးတော့ မဖြစ်သင့်ပါဘူး။ COVID ရဲ့ ခြိမ်းခြောက်မှုတွေကြောင့် ချစ်ခင်ရသူတွေရဲ့ အသံတွေ၊ အခက်အခဲတွေကို မကြားရတော့တာမျိုး မဖြစ်ပါစေနဲ့။

ကိုယ့်အနီးအနားမှာ အိမ်တွင်းအကြမ်းဖက်မှုတွေ ကြုံနေရတာကို တွေ့ခဲ့ရရင် အဲ့ဒါကိုဆန့်ကျင်တဲ့ အသံတစ်သံနဲ့တော့ ကျွန်မတို့ကူညီနိုင်တယ်မဟုတ်လား။