ဘဝထဲ အချစ်စစ် ဝင်ရောက်လာစေဖို့ဆိုရင် ဒီ (၅) ချက်ကို သဘောပေါက်ထားဖို့လိုတယ်။

blank

စစ်မှန်တဲ့ချစ်ခြင်းဆိုတာ အလေးထားဂရုစိုက်မှုတွေ ချစ်ခင်နှစ်သက်မြတ်နိုးမှုတွေ ပေါင်းစပ်ထားတဲ့ အရာတစ်ခုပါ။ သင်ရော အချစ်စစ်နဲ့ ဆုံတွေ့ပြီးပြီလား။ ဒါမှမဟုတ် အချစ်စစ်က ဘယ်လိုမျိုးလဲဆိုတာကို သင်သဘောမပေါက်သေးတာလား။ စစ်မှန်တဲ့ချစ်ခြင်းနဲ့ ပတ်သက်ပြီး နားလည်သဘောပေါက်ထားသင့်တဲ့ အချက် (၅) ချက်ကို ဂန္တဝင်က တင်ဆက်ပေးလိုက်ပါတယ်။

၁။ အချစ်စစ်ဆိုတာ မျှဝေခံစားခြင်းပါ။

စိတ်ခံစားချက်တွေကို ဖလှယ်ကြတာဟာ ခိုင်မြဲတဲ့ အချစ်ရေးရဲ့ အခြေခံအုတ်မြစ်တစ်ခုပါ။ ဘယ်လောက်ပဲ ချစ်တယ်ပြောပြော တစ်ဦးကိုတစ်ဦး ခံစားချက်တွေ ဖွင့်မပြောဖြစ်ကြဘူးဆိုရင်  ဒီအချစ်ရေးဟာ တည်မြဲနိုင်မှာ မဟုတ်ပါဘူး။ စိတ်ခံစားချက်တွေနဲ့ မကျေနပ်ခြင်းအကြောင်းတရားတွေကို ရိုးသားစွာ ဖော်ပြပေးပါ။

၂။ စစ်မှန်တဲ့လူတစ်ယောက်နဲ့ တွေ့ချင်ရင် ကိုယ်ကိုယ့်ကိုယ် စစ်မှန်တဲ့ လူတစ်ယောက်ဖြစ်အောင်လုပ်ပါ။

အချစ်ရေးအသစ်တစ်ခုမစတင်ခင် အရင်အချစ်ရေးကို ပြန်လည်သုံးသပ်ပါ။ လိုအပ်တယ်ထင်ရင် အချိန်ယူပြီး အကြောင်းအရာတွေကို ညှိနှိုင်းပြင်ဆင်ပါ။ နောက်အချစ်ရေး မှာ ဒီလို ပြန်မဖြစ်ရလေအောင် ခုကတည်းက ကြိုတင်တည်ဆောက်ထားလိုက်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

၃။ သင့်ဘဝကို အကောင်းဆုံးတည်ဆောက်ပေးနိုင်သူက သင်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။

တစ်ခါတစ်ရံမှာ လူအများစုဟာ ကိုယ့်ဘဝကိုယ်ပိုကောင်းလာစေဖို့ တခြားသူတွေရဲ့ ကိုယ်ချင်းစာတရားနဲ့ သနားညှာတာမှုတွေကို လိုအပ်တယ်လို့ ထင်နေတတ်ကြတယ်။ ဒါဟာ တကယ်တော့မမှန်ကန်ပါဘူး။ တခြားသူတွေအပေါ်မှာ မျှော်လင့်နေတာတွေ လျှော့ပြီး သင့်ကိုယ်သင်အားကိုးလိုက်ပါ။

၎။ ဘဝရည်မှန်းချက်ထားရှိပါ။

အဓိပ္ပါယ်ရှိတဲ့ ဘဝတစ်ခုမှာ အပြည့်အဝနေထိုင်ခြင်းက အချစ်ရေးအပါအဝင် ဘဝလမ်းကြောင်းတစ်ခုလုံးကို ဖြောင့်တန်းသွားအောင် ကူညီပေးပါတယ်။ သင်ဟာ သင်သွားရမယ့်လမ်းကြောင်း၊ သင့်ရည်မှန်းချက်တွေကို အသေအချာသိနေပြီ။ သင့်ဘဝနဲ့သင် ကျေနပ်နေပြီဆိုရင် စစ်မှန်တဲ့အချစ်စစ်တစ်ခုကို ရှာဖွေတွေ့ရှိဖို့ မခဲယဉ်းတော့ပါဘူး။

၅။ အချစ်သာ စစ်မှန်ရင် မနာကျင်ရပါဘူး။

အချစ်စစ်လို့ ဆိုတာနဲ့ ရန်တွေဖြစ်ပြီး အဆင်ပြေဖို့ ကြိုးစားရုန်းကန်နေရတယ်လို့ မဆိုလိုပါဘူး။ စိတ်ပျက်စရာအချိန်တွေ၊ နာကျင်ခံစားရတဲ့အချိန်တွေ ကြုံတွေ့လာရလို့ စိုးရိမ်နေစရာမလိုပါဘူး။ အဲ့ဒီအခြေအနေတွေကို အတူတကွ ရင်ဆိုင် ကျော်ဖြတ်တတ်ဖို့ အရေးကြီးပါတယ်။

သင်ရော အချစ်စစ်နဲ့ဆုံတွေ့ဖို့ အဆင်သင့်ဖြစ်နေပြီလား။