မယားကြောက်ဆိုပြီး ဟားတော့မယ်ဆိုရင် ဒီစာလေးကိုဖတ်ကြည့်ပါ။

blank

စာချစ်သူတို့ရေ….။

အရာရာအားလုံး မိန်းမအလိုကျ ဝကွက်အပ်ထားတဲ့ အမျိုးသားတွေဟာ သူတို့ရဲ့အမျိုးသမီးတွေကို  ချစ်လွန်းအားကြီးလို့တဲ့။  ဇနီးသည်ကို ကာယနဲ့အနိုင်မယူ၊ နှုတ်နဲ့အကျောပေးပြီး၊ နှလုံးသားတစ်ခုလုံးကို ပိုင်စိုးခွင့်ပေးထားတာဟာ “ချစ်လွန်းလို့” ဆိုတဲ့ အဖြေကလွဲရင် ဘာများဖြစ်နိုင်မှာလဲ။

မိန်းမကို သိပ်ချစ်တဲ့ယောက်ျားတွေဟာ ရန်ပွဲတွေနဲ့ အချိန်မဖြုန်းချင်တဲ့အတွက်  ကိုယ်မှားနေတဲ့အခါ တောင်းပန်တတ်သလို သူမမှားတဲ့အခါမှာလည်း  အလွယ်တကူခွင့်လွှတ်တတ်ပါတယ်။ ဒါဟာ ကြောက်တာမဟုတ်ပါဘူး။ ချစ်တာပါ။ လူတွေရဲ့ ကဲ့ရဲ့စကားထက် မိန်းမရဲ့ပျော်ရွှင်မှုကို အလေးထားတယ်။ ဒါ့ကြောင့် အရာရာမှာ “မေ့သဘော” ဆိုပြီး အလျှော့ပေးနေတော့တာပေါ့။

အရာရာတိုင်းမှာ မိန်းမဆီက ခွင့်တောင်းနေတဲ့ ယောက်ျားတွေဟာ မိန်းမကိုကြောက်နေလို့မဟုတ်ပါဘူး။ သူမရဲ့ အားပေးထောက်ခံမှုကို အလိုရှိနေလို့။ ဒါ့ကြောင့်လည်း ထစ်ခနဲဆို “မိန်းမနဲ့တိုင်ပင်လိုက်ပါဦးမယ်” လို့ပြောနေတော့တာပေါ့။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အိမ်ထောင်ရှင်ယောက်ျားတွေအနေနဲ့  မိန်းမစကား နားထောင်ခြင်းအားဖြင့် ပိုတော်တဲ့လူတစ်ယောက်ဖြစ်လာနိုင်ပါတယ်။ အဝတ်အစားတွေကို နေရာတကျမထားမိလို့ မိန်းမဆူမှာကြောက်တတ်တဲ့ အမျိုးသားတွေဟာ သပ်သပ်ရပ်ရပ်နေတတ်လာပါတယ်။  မိန်းမစိတ်ကောက်တာချော့ရင်း စည်းရုံးနိုင်မှုစွမ်းရည်တွေမြှင့်တက်လာပါတယ်။ မကျေနပ်တာတွေ ပြောခွင့်မရတဲ့အခါ မျိုသိပ်ပါများလာရင်း သည်းခံတတ်လာပါတယ်။

ဒါ့ကြောင့် လူတွေကသင့်ကို မယားကြောက်လို့ခေါ်နေရင် စိတ်ကသိကအောက်မဖြစ်ပါနဲ့။ အတ္တတွေ၊ မာနတွေ၊ ဆန္ဒတွေထက်ပိုပြီး သာလွန်တဲ့ ချစ်ခြင်းတွေနဲ့ မိန်းမကို ချစ်မြတ်နိုးနေလို့ပါလို့သာဖြေလိုက်ပါ။ အရှုံးပေးရင် နှလုံးအေးတယ်မဟုတ်လား။ လုပ်ချင်တာတွေလုပ်ရင်း ကျေနပ်နေတဲ့ မိန်းမကို  စိတ်ထဲကသာပြောလိုက်ပါနော်။ “ချစ်လို့ပါ…ကြောက်တာမဟုတ်ပါဘူး”လို့။ သူမဘက်ကနေလည်းသင့်အတွက် ထာဝရအတွက်ချစ်ခြင်းတွေ ရင်ထဲမှာရှိနေတယ်ဆိုတာ ယုံလိုက်ပါ။ အပြင်ပန်းက သင့်ကိုအနိုင်ယူပေမယ့်လည်းပေါ့။