အဒေါ်ကောင်းတစ်ယောက်ရှိတာဟာ အကောင်းဆုံးသူငယ်ချင်းပိုင်ဆိုင်ထားရတာနဲ့အတူတူပါပဲ။

သင့်မှာ သင်နဲ့အဆင်ပြေတဲ့ အဒေါ်တစ်ယောက်ရှိလား။ ဒါဆိုရင်တော့ သင့်မှာ အကြွင်းမဲ့သူငယ်ချင်း ကောင်းတစ်ယောက်ကို ပိုင်ဆိုင်ထားပြီလို့ ဂုဏ်ယူရမှာပါ။ ဘာကြောင့်လဲဆိုတော့ ပေါင်းသင်းလို့အဆင်ပြေတဲ့ အဒေါ်တစ်ယောက်ပိုင်ဆိုင်ထားခြင်းဖြင့် အောက်ပါအကျိုးကျေးဇူးတွေ ရရှိနိုင်လို့ပါ။ သူမဟာ…

၁။ သင့်ကို ဘေးကင်းစွာနဲ့အရွယ်ရောက်ကြီးပြင်းစေသူဖြစ်တယ်။

သင်ဒုက္ခဖြစ်မယ့်ကိစ္စတွေကို ကြိုတင်တားဆီးပေးတယ်။ လမ်းမှန်ကို ပြောပြပေးတယ်။

၂။ သင့်ကို အကြံဉာဏ်ကောင်းပေးနိုင်သူဖြစ်တယ်။

သင့်မိခင်လို နေရာတကာမချုပ်ချယ်သလို၊ သင့်သူငယ်ချင်းတွေလို သင်လုပ်သမျှအလိုလိုက်မှာ မ ဟုတ်တဲ့သူဟာ သင့်အဒေါ်ပါပဲ။ ဒါကြောင့် သူ့ဆီကနေ သင့်အတွက် အကြံဉာဏ်ကောင်းတွေ အများကြီးရနိုင် ပါတယ်။

၃။ သင်လိုအပ်နေချိန်တိုင်း အချိန်မရွေးဖုန်းခေါ်နိုင်သူဖြစ်တယ်။

သင်ဘာဆက်လုပ်ရမလဲဆိုတာ ပြောပြပေးနိုင်ရုံမကဘဲ လိုအပ်လာရင် ကူညီဖို့ရောက်လာမယ့်သူပါ။

၎။ သင့်အတွက် သင့်မိဘတွေကို ရင်ဆိုင်ပေးသူဖြစ်တယ်။

သင့်ကိုကောင်းကောင်းသိသူဖြစ်တဲ့အတွက် သင့်မိဘတွေနဲ့သင့်ကြားငြင်းခုံစရာဖြစ်တဲ့အခါ သင့်ရှေ့က ရပ်တည်ပေးသူပါ။

၅။ သင့်အတွက် စံပြလူသားတစ်ဦးဖြစ်တယ်။

သူမရဲ့အားသာချက်တွေ၊ လိုက်လျောညီထွေနေတတ်တာတွေ၊ လူတွေအပေါ် စမတ်ကျကျ တုံပြန် တတ်တာတွေက သင့်အတွက် အတုယူစရာတွေဖြစ်တယ်။

၆။ သင့်မိဘတွေအပေါ် သင်ပိုနားလည်လာအောင်  ကူညီပေးတယ်။

သင့်ကိုကော သင့်မိဘတွေကိုပါ ကောင်းကောင်းသိတဲ့အတွက် လိုအပ်လာတဲ့အခါ သူမကကြားလူအ နေနဲ့ အကောင်းဆုံးစေ့စပ်ညှိနှိုင်းပေးနိုင်တယ်။

၇။ သင်စွန့်စားမှုတွေပြုလုပ်တဲ့အခါ အားပေးတယ်။

သင့်အတွက် စိုးရိမ်ပူပန်နေရင်တောင် သင့်ဘဝတိုးတက်မှုတွေရရှိဖို့ စွန့်စားမှုတွေလိုအပ်တာကို နားလည်သူဖြစ်တယ်။ လိုအပ်လာရင် သူမကိုယ်တိုင် သင် စွန့်စားဖို့နည်းလမ်းတွေ ကူညီရှာဖွေပေးတယ်။ သင်အကောင်းဆုံးကြိုးစားနိုင်မယ်လို့ ယုံကြည်ပေးသူဖြစ်တယ်။

၈။ သင့်သူငယ်ချင်းတွေအားလုံးကို သိတယ်။

တစ်ခါတစ်ရံ သင့်သူငယ်ချင်းတွေနဲ့တောင် ပူးပေါင်းပါဝင်တတ်သူပါ။ သင့်သူငယ်ချင်းတွေကလည်း သူမကို ချစ်ကြတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၉။ အရာရာကို ယုံကြည်စိတ်ချစွာ ဖွင့်ဟပြောပြလို့ရတယ်။

သင့်မိခင်နဲ့ သင့်သူငယ်ချင်းတွေကို ပြောမပြနိုင်တဲ့သင့်လျှို့ဝှက်ချက်တွေအားလုံးကို စိတ်ချလက်ချ ပြောပြလို့ရတဲ့သူဟာ သင့်အဒေါ်ပါပဲ။

၁ဝ။ သင့်ကိုစိတ်ခွန်အားပေးဖို့အမြဲအဆင်သင့်ရှိတယ်။

ဘယ်အခြေအနေမှာဖြစ်ဖြစ် သင့်ကို စိတ်ခွန်အားပေးဖို့ စကားလုံးတွေ သူမမှာ အဆင်သင့်ရှိပါတယ်။ သူမရဲ့ထင်မြင်ချက်တွေ၊ ဝေဖန်ချက်တွေဆိုတာကလည်း သင့်အတွက်မျက်စိစုံမှိတ်တောင် ယုံကြည်လို့ ရပါ တယ်။ ဘာကြောင့်လဲဆိုတော့ သင့်ကိုယ်သင်ထက် သူမက သင့်ကို ပိုသိလို့ပါ။

၁၁။ သင်ပြုံးအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိတယ်။

ပြဿနာရပ်တိုင်းကို သူမဆီမှာ ရင်ဖွင့်လို့ရသလို သင်သက်တောင့်သက်သာဖြစ်သွားအောင် ဘယ်လို နှစ်သိမ့်ပေးရမလဲဆိုတာလည်း သူမသိတယ်။

၁၂။ သင့်ကိုအလိုလိုက်တယ်။

သင်ဘယ်အရွယ်ပဲရောက်နေပါစေ သူမအတွက်တော့ သင်က အမြဲတမ်းတူမပေါက်စနလေးပါပဲ။

၁၃။ သူမက သင့်ရဲ့အမြဲတမ်းဘက်တော်သားဖြစ်တယ်။

သင့်ငယ်ဘဝကော၊ သင့်မိဘတွေအကြောင်းကော အားလုံးသိနေတဲ့အတွက် တစ်ခါတစ်ရံ မိသားစု လျှို့ဝှက်ချက်တွေလည်း သင့်ကို ပြောပြတတ်တယ်။ သင့်ရဲ့ပထမဆုံးနဲ့ အစစ်မှန်ဆုံးသူငယ်ချင်းကောင်းဟာ သူမပါပဲ။

၁၄။ သင့်အပေါ် အကြွင်းမဲ့ချစ်တယ်။

သူမမှာ ကိုယ်ပိုင်သားသမီးတွေရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သင့်မိခင်နဲ့ အကျွမ်းတဝင်ရှိသည်ဖြစ် စေ၊ မရှိသည်ဖြစ်စေ၊ သင်က အတော်ဆုံးမိန်းကလေးတစ်ယောက်မဟုတ်ဘဲ အရှုပ်ထုပ်ပဲ ဖြစ်နေသည်ဖြစ်စေ သူ့အတွက်တော့ သင်က နှလုံးသားတစ်ခုလုံးနဲ့အပြည့် ချစ်ရတဲ့သူပါ။ ဘယ်အခြေအနေမှာဖြစ်ဖြစ် သူမက သင့် ကို ရွေးချယ်မှာပါပဲ။ သူမရဲ့နှလုံးသားထဲမှာ သင်က အထူးသီးသန့်နေရာတစ်ခုမှာ ရှိသူပါ။

သင့်မှာလည်း သူငယ်ချင်းလိုလည်း ပေါင်းလို့ရ၊ အဒေါ်တစ်ယောက်အနေနဲ့လည်း နားလည်နွေးထွေး တဲ့ အဒေါ်တစ်ယောက်ပိုင်ဆိုင်ထားတယ်ဆိုရင် mention လေးခေါ်ခဲ့ပါဦးနော်။