ယောက်ျားတစ်ယောက်ကို စတွေ့ရင် မိန်းကလေးတွေက ဘယ်အချက်တွေကို အရင်သတိထားမိကြလဲ။

blank

စတွေ့တွေ့ချင်းအချိန်မှာ တစ်ဖက်သားမျက်လုံးထဲ အဆင်ပြေကြည့်ကောင်းတဲ့ပုံရိပ်ရှိချင်ကြတာက တော့ ယောက်ျားတွေကော၊ မိန်းကလေးတွေပါ အတူတူလို့ထင်ပါတယ်။ ယောက်ျားလေးတွေဆိုလည်း မိန်းက လေးတစ်ယောက်နဲ့စတွေ့တဲ့အခါ စိတ်ဝင်စားအလေးထားစရာယောက်ျားတစ်ယောက်ရဲ့ ပုံရိပ်ကို ပြသချင်ကြ မှာပါပဲ။ အဲ့ဒီလိုဖြစ်ဖို့ဆိုရင် ဘယ်အချက်လေးတွေလိုအပ်မယ်ထင်ပါသလဲ။ လေ့လာသူတွေကတော့ မိန်းက လေးတွေက အမျိုးသားတစ်ယောက်ကိုတွေ့တဲ့အခါ အောက်ပါအချက် ၃ ချက်ကို အရင်ဆုံးသတိထားမိကြ တယ်လို့ ဆိုထားပါတယ်။

၁။ အပြုအမူ

ယောက်ျားလေးတစ်ယောက်ကိုမြင်ရင် မိန်းကလေးတွေပထမဆုံးသတိထားမိကြတဲ့အရာကတော့ အ ပြုအမူတွေပဲဖြစ်ပါတယ်။ စိတ်လှုပ်ရှားပြီး ကြောက်နေတာမျိုးကော၊ စိတ်ဓာတ်ကျပြီး သုန်သုန်မှုန်မှုန်ရှိနေတာ မျိုးတွေကိုပါ မိန်းကလေးတွေ မနှစ်သက်ကြပါဘူး။ ဒါကြောင့် တည်တည်ငြိမ်ငြိမ်နေပါ။ ခပ်မိုက်မိုက်နေပါ။ ကိုယ့် ကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့ ပျော်ပျော်ရွှင်ရွှင်နေပါ။

၂။ ခြေဟန်လက်ဟန်ဘာသာစကား

သင့်အနေနဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပြီး ပျော်ရွှင်နေတဲ့ပုံပေါက်အောင် နေပြနေချိန်မှာ သင့်လက် ဟန်ခြေဟန်ပုံစံတွေက သင့်ရဲ့ဟန်ဆောင်မှုကို ဖော်ထုတ်နိုင်တာမမေ့ပါနဲ့။ ဒါကြောင့် စကားပြောနေချိန်မှာ ဂရု စိုက်ပါ။ လက်ပိုက်မထားပါနဲ့။ ခေါင်းကို အမြဲငုံ့မထားပါနဲ့။ ပျာယာခတ်နေအောင် မလှုပ်ရှားပါနဲ့။ သင်ပြောနေ တာတွေနဲ့ လိုက်လျောညီထွေရှိတဲ့ ခြေဟန်လက်ဟန်တွေကိုသာ အသုံးပြုပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၃။ ဝတ်ပုံစားပုံ

ကြည့်ကောင်းအောင် ဈေးကြီးပေးရတဲ့အဝတ်အစားတွေ ဝယ်ဝတ်ဖို့ မဟုတ်ပါဘူး။ သင့်ကို သင်ဖြစ်နေ တဲ့အတွက် စိတ်ဝင်စားစေချင်တာမှန်တယ်ဆိုပေမဲ့ မုတ်ဆိတ်မွှေးတွေ မရိတ်မသင်ဘဲ မသပ်မရပ်နဲ့ စိတ်ကြမ်း ကိုယ်ကြမ်းပုံစံဖြစ်နေမယ်ဆိုရင် ဘယ်မိန်းကလေးကမှ စိတ်ဝင်စားမှာမဟုတ်ပါဘူး။

သင်ကော အထက်ပါအချက်လေးတွေကို သဘောတူလား။ ထပ်ဖြည့်စွက်ချင်တာလေးတွေရှိရင် comment မှာ ရေးခဲ့ပါနော်။