တစ်ခါတလေမှာ ကလေးတွေမပါဘဲ နှစ်ယောက်တည်းအချိန်ဖြုန်းခြင်းက အိမ်ထောင်ရေးပိုသာယာစေပါတယ်။

blank

အိမ်ထောင်ရေးသာယာဖို့လို့ဆိုလိုက်ရင် အိမ်ထောင်သည်အများစုက ကလေးတွေကို ရှိသမျှအချိန် အ ကုန်ပေးပြီး ဂရုစိုက်ကြမယ်။ ပျော်ရွှင်အောင်တည်ဆောက်ကြမယ်ဆိုတာမျိုးလို့ မြင်ကြပါတယ်။ တကယ်တော့ ကလေးတွေကိုပဲ ဂရုစိုက်နေရုံနဲ့ မလုံလောက်ပါဘူး။ ဒီအိမ်ထောင်ရေးရဲ့ ဦးစီးပဲ့ကိုင်နှစ်ယောက်ဖြစ်တဲ့ အဖေ၊ အမေနှစ်ယောက်ကြားက ပေါင်းသင်းဆက်ဆံရေး သာယာအောင် တည်ဆောက်ဖို့လည်း အရေးကြီးပါတယ်။ ကျွမ်းကျင်ပညာရှင်တွေကတော့ ကလေးတွေမပါဘဲ နှစ်ယောက်တည်းအတူတူအချိန်ဖြုန်းတာမျိုးက အိမ် ထောင်ရေးအတွက် အောက်ပါအားသာချက်တွေ ရရှိစေတယ်လို့ ညွှန်းဆိုထားကြပါတယ်။

၁။ မိဘသက်သက်ထက်ပိုတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်သတိရလာစေနိုင်ခြင်း။

အချိန်အများဆုံးကို ကလေးတွေရဲ့ ဖေဖေ၊ မေမေအကြိမ်တစ်ရာမက ခေါ်သံတွေနဲ့ပဲ ကုန်ဆုံးနေရ တယ်ဆိုရင်၊ သင့်နာမည်ရင်းနဲ့ သင့်အကြောင်းသင်တောင် မေ့နေပြီဆိုရင် သင်တို့နှစ်ယောက်တည်းအချိန်တွေ ကို မဖြစ်မနေဖန်တီးယူသင့်ပါပြီ။ ကလေးတွေမပါဘဲ နှစ်ယောက်တည်းအချိန်ဖြုန်းခြင်းဖြင့် သင်တို့နှစ်ယောက် ဟာ မိဘသက်သက်သာမဟုတ်ဘဲ၊ ကိုယ့်ကိုယ်ကိုယ်ကိုပါ ပြန်သတိရလာစေပါတယ်။

၂။ အိမ်ထောင်ရေးအခြေအနေ ပိုတိုးတက်ကောင်းမွန်စေခြင်း။

သင်တို့အိမ်ထောင်ရေးထဲ ကလေးတွေဝင်ရောက်လာတဲ့အခါ လက်တွဲဖော်နဲ့ဆက်ဆံရေးက ရပ်တန့် သွားသလိုဖြစ်မှာပါ။ အဲ့ဒီရပ်တန့်သွားတဲ့အိမ်ထောင်ရေးအခြေအနေကို ပြန်အသက်သွင်းဖို့ဆိုရင် ကလေးတွေ မပါဘဲ နှစ်ယောက်တည်း မကြာခဏအပြင်သွားတာ၊ အတူတူအချိန်ဖြုန်းတာမျိုးတွေ ပြုလုပ်ပေးဖို့ လိုပါတယ်။

ဘဝအနိမ့်အမြင့်အတက်အကျတွေကို ဖြတ်သန်းနေရတယ်ဆိုရင်တောင် အပြန်အလှန်ထားရှိကြတဲ့အချစ်တွေ ရှင်သန်နေသေးတယ်ဆိုတဲ့ ခံစားချက်က အိမ်ထောင်ရေးကို ပိုခိုင်မြဲနွေးထွေးစေပါတယ်။ ဒါ့အပြင် နှစ်ယောက် တည်း အချိန်ဖြုန်းခြင်းဖြင့် အတွေ့အကြုံသစ်တွေ၊ အမှတ်တရအသစ်တွေကိုလည်း အတူတူ ဖန်တီးနိုင်ပါသေး တယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၃။ မိဘတွေရဲ့အိမ်ထောင်ရေးက အရေးကြီးတယ်ဆိုတာ ကလေးတွေနားလည်အောင် ပြုလုပ်ပေးနိုင်ခြင်း။

ကလေးတွေအတွက်ပဲ ၂၄ နာရီလုံးအချိန်ပေးနေတဲ့အခါ ကလေးတွေစိတ်ထဲ မိဘတွေကို အချိန်ပေးရ ကောင်းမှန်းနားမလည်တော့ပါဘူး။ အားလပ်ချိန်နည်းနည်းပဲယူရင်တောင် နားလည်ပေးရကောင်းမှန်း မသိ တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ဘက်က အဆင်သင့်မဖြစ်ခဲ့လို့ပါ။ မိဘတွေအနေနဲ့ ကလေးတွေ မပါဘဲ အတူတူအချိန်ဖြုန်းဖြစ်တာက ကလေးတွေကို မိဘတွေရဲ့အချိန်တွေကလည်း အရေးကြီးတယ်ဆိုတာ မြင်သာစေပါတယ်။ ကလေးတွေနားလည်မှုရှိလာတဲ့အခါ နှစ်ယောက်တည်းအချိန်ယူဖို့လည်း ပိုလွယ်ကူသွား စေပါတယ်။

၎။ လက်တွဲဖော်အပေါ် သင့်အချစ်တွေပြသနိုင်ခြင်း။

မိသားစုအချိန်တွေထဲက အများကြီးယူတာမျိုးမဟုတ်ဘဲ နှစ်ယောက်တည်း ခရီးတိုထွက်တာ၊ အပြင်ကို လည်ပတ်တာတွေက တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ဂရုစိုက်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ တစ် ယောက်အပေါ်တစ်ယောက် ဂရုစိုက်မှုတွေကိုလည်း ပိုခံစားမိစေပါတယ်။

စာစောင်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။