ဖွင့်ဟပြီး မတောင်းဆိုပေမယ့် သင့်ချစ်သူသင့်ဆီက လိုချင်တဲ့အရာလေးတွေ

blank

၁။ မနက်မိုးလင်းတိုင်း၊ ညအိပ်ရာဝင်ခါနီးတိုင်းမှာ နှုတ်ဆက်တဲ့ မက်ဆေ့ဂ်ျလေးတွေပို့ပေးတာမျိုး။

၂။ သင်နဲ့စုံတွဲဓာတ်ပုံလှလှလေးတွေ ရိုက်တာမျိုး။

၃။ အံ့သြသွားစေမယ့် လက်ဆောင်လေးတွေ ပေးတာမျိုး။

၎။ သူကြိုက်တတ်တဲ့ မုန့်လေးတွေဝယ်ပြီး သူ့ဆီအလည်သွားတာမျိုး။

၅။ သင့်ရဲ့ကိုယ်သင်းနံ့ရှိနေတဲ့ အင်္ကျီလေးကို ဝတ်ခွင့်ရတာမျိုး။

၆။ သင့်ရဲ့လက်ကိုတွဲပြီး လမ်းလျှောက်တာမျိုး။

၇။ သင့်ကိုယ်စား ပွေ့ဖက်လို့ရမယ့် အမွှေးပွရုပ်လှလှလေးတွေ လက်ဆောင်ပေးတာမျိုး။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

၈။ အားငယ်နေတဲ့အခါမှာ အားပေးစကားပြောပေးတာ၊ ဟာသလေးတွေနဲ့ ပျော်ရွှင်လာစေတာမျိုး။

၉။ သင့်ရဲ့ပုခုံးကိုမှီပြီး သင်ဆိုပြတဲ့သီချင်းလေးကို နားထောင်ခွင့်ရတာမျိုး။

၁ဝ။ ချီးကျူးစကားလေးတွေ ပြောပေးတာမျိုး။

၁၁။ သင့်ရဲ့သူငယ်ချင်းတွေရှေ့မျာ လက်ကို ကိုင်ထားတာမျိုး။

၁၂။ “သိပ်ချစ်တယ်”ဆိုတဲ့ စကားကို ခဏခဏပြောပေးတာမျိုး။

အဲ့ဒါကြောင့် သင့်ရဲ့ချစ်သူကို သူမတောင်းဆိုခင်မှာ ဒါလေးတွေလုပ်ဖို့ မမေ့ပါနဲ့နော်။