ဆယ်ကျော်သက်နဲ့ စိုးရိမ်ပူပန်မှုရောဂါ

blank

စာချစ်သူတို့ရေ…

လေ့လာတွေ့ရှိမှုအရ လူငယ် ၈ ယောက်မှာ တစ်ယောက်က စိုးရိမ်ပူပန်မှုဆိုင်ရာ ရောဂါတွေ ထဲက တစ်ခုခုကို ခံစားနေကြရပါတယ်။ ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက အဲ့ဒီရောဂါခံစားနေကြရ တဲ့ လူငယ် ၁ဝ ယောက်မှာ ၈ ယောက်က ဆေးကုသမှုတွေ ခံယူမနေကြပါဘူး။ စိုးရိမ်ပူပန်မှုတွေဟာ ကြာလာတဲ့အခါ စိတ်ကျရောဂါဖြစ်ခြင်း၊ အစားအသောက်ပျက်ခြင်းနဲ့ ADHD လို့ခေါ်တဲ့ အာရုံစူးစိုက် လို့မရတဲ့ရောဂါတွေ ဖြစ်လာတတ်ပါတယ်။ စိုးရိမ်ပူပန်မှုတွေရှိနေတဲ့ ကလေးတွေဆိုရင်လည်း ကျောင်း မှာ ပါဝင်လှုပ်ရှားမှုတွေနည်းမယ်။ အရေးကြီးတဲ့လူမှုဆက်ဆံရေးတွေမှာ လွဲချော်နေမယ်။ နောက်ဆုံး အကြမ်းဖက်တတ်တဲ့အထိပါ ဖြစ်လာနိုင်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ကလေးတွေ၊ လူငယ်တွေမှာ အဲ့ဒီလိုစိုးရိမ်ပူပန်မှုရောဂါတစ်ခုခု ခံစားနေရတာကို သိနိုင်တဲ့ လ က္ခဏာရပ်တွေလည်း ရှိပါတယ်။ စိုးရိမ်ပူပန်မှုတစ်ခုခုနဲ့ ရုန်းကန်နေရတဲ့ ကလေးတွေဟာ…

  • ကြောက်တတ်ကြတယ်။
  • နေရာတကာ ရှက်ကြောက်တွန့်ဆုတ်နေတတ်ကြတယ်။
  • သူတို့အတွက် စိုးရိမ်ပူပန်စိတ်တွေဖြစ်ပေါ်စေမယ့် လှုပ်ရှားမှုမျိုးတွေ၊ နေရာမျိုးတွေကို သိသိ သာသာ ရှောင်ကြတယ်။

သင်က ကလေးတွေ၊ ဒါမှမဟုတ် ဆယ်ကျော်သက်အရွယ်သားသမီးတွေရဲ့အုပ်ထိန်းသူတစ် ယောက်ဆိုရင် ကလေးတွေရဲ့စိုးရိမ်ပူပန်မှုလေးတွေနဲ့ပတ်သက်ပြီး သတိထားစောင့်ကြည့်သင့်ပါ တယ်။ လိုအပ်လာတဲ့အခါ စိုးရိမ်ပူပန်မှုတွေ လျော့ကျသက်သာစေမယ့် နည်းလမ်းလေးတွေကို ရှာဖွေ ကြည့်ပါ။ ကလေးတွေအတွက် စိုးရိမ်ပူပန်မှုကင်းဝေးပြီး လုံခြုံတဲ့ပတ်ဝန်းကျင်ဖြစ်အောင် ဝိုင်းဝန်းတည် ဆောက်ကြပါစို့နော်။

စာစောင်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။