အသည်းကွဲဖူးသူတိုင်း ဖြတ်ကျော်ဖူးတဲ့ အဆင့် (၁ဝ) ဆင့်

blank

အဆင့် (၁) တစ်စစီကြေကွဲအောင် ခံစားနေရပြီး စားမဝင်၊ အိပ်မပျော်ဖြစ်နေတတ်တဲ့အဆင့်။

အဆင့် (၂) လူရှေ့မရှောင်သူရှေ့မရှောင် တငိုငို၊ တရယ်ရယ်ဖြစ်နေတတ်တဲ့အဆင့်။

အဆင့် (၃) စကားပြောဆိုချင်စိတ်မရှိဘဲ ငိုနေတတ်တဲ့အကျင့်။

အဆင့် (၄) တစ်ယောက်တည်း ငိုင်နေတတ်တဲ့အကျင့်။

အဆင့် (၅) အချစ်ဟောင်းကို ဘဝထဲပြန်လာပေးဖို့ တောင်းပန်တတ်တဲ့အဆင့်။ သူတို့သာပြန်လာမယ်ဆိုရင် ဘာမဆိုပေးဆပ်နိုင်ပါတယ်လို့ တွေးနေတတ်တဲ့အကျင့်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

အဆင့် (၆) ကိုယ့်ကိုယ်ကိုယ်ကော အချစ်ဟောင်းကိုပါ ဒေါသထွက်လာတဲ့အဆင့်။ နာကျည်းစပြုလာတဲ့ အဆင့်။

အဆင့် (၇) ထားခဲ့တဲ့ချစ်သူ၊ သစ္စာဖောက်သွားတဲ့ ချစ်သူဟာ ကိုယ့်ဘဝထဲကို ဘယ်တော့မှ ပြန်လာတော့မှာ မဟုတ်ဘူးဆိုတာကို နားလည်လက်ခံစပြုလာတဲ့အဆင့်။

အဆင့် (၈) ရည်းစားဟောင်းရဲ့ ဆိုရှယ်မီဒီယာအကောင့်ထဲ ဝင်ဝင်ကြည့်ပြီး “သူတောင်ပျော်နေနိုင်ပြီပဲ။ သူကကိုယ့်ကိုမေ့ပြီပဲ” ဆိုတာကို လိုက်ကြည့်တတ်တဲ့အဆင့်။

အဆင့် (၉) သူ့ကိုမေ့ချင်လာမယ်။ ကိုယ့်ဘဝကို ဘယ်လိုရှေ့ဆက်ရမလဲဆိုတာကို တွေးလာမယ်။ မအောင်မြင်ခဲ့တဲ့ အချစ်ရေးကနေ သင်ခန်းစာတွေကို စဉ်းစားတတ်လာမယ်။ သူနဲ့ပတ်သက်ပြီး အရာရာဟာ မှုန်ဝါးစပြုလာမယ့်အဆင့်။

အဆင့် (၁ဝ) အသစ်အဆန်းတွေကို စတင်ပြီးလုပ်လာမယ့်အဆင့်၊ ကိုယ့်ကိုယ်ကိုယ်ချစ်တတ်ဖို့ အရေးကြီးတယ်ဆိုတာကို နားလည်လာတဲ့အဆင့်။

သင်ကော… အသည်းကွဲဖူးလား။ အသည်းကွဲခြင်းရဲ့ ဘယ်အဆင့်မှာ ရှိနေတုန်းလဲ။ အသည်းကွဲခြင်းကို လွန်မြောက်လာနိုင်ခဲ့ပြီလား။