တချို့အမျိုးသားတွေဟာ အိမ်ထောင်ရေးဖောက်ပြန်နေပေမဲ့ ဇနီးသည်နဲ့မကွာရှင်းဘဲ ဆက်လက်ပေါင်းသင်းနေသေးတဲ့ အကြောင်းရင်းများ

blank

ဘယ်လောက်သည်းခံနိုင်တဲ့အိမ်ထောင်ဘက်ရှိတယ်ပဲဆိုဆို အိမ်ထောင်တစ်ခုမှာ လက်တွဲဖော်တိုင်း သည်းမခံနိုင်ကြတဲ့ကိစ္စတစ်ခုကတော့ ဖောက်ပြန်မှုပါပဲ။

တစ်ကမ္ဘာလုံးဆိုင်ရာ လေ့လာတွေ့ရှိမှုတစ်ခုအရ

ယေဘုယျအားဖြင့် အိမ်ထောင်သည်စုံတွဲ ၁၅% ကနေ ၂၅% ဟာ နောက်ကွယ်အချစ်ဇာတ်လမ်းတွေရှိကြပြီး အမျိုးသားတွေက အမျိုးသမီးတွေထက် ဖောက်ပြန်ဖို့ ရာခိုင်နှုန်းပိုများတယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဖောက်ပြန်ကြသူတိုင်း ကလည်း ဇနီးသည်နဲ့ ကွာရှင်းပြတ်စဲလိုက်ကြတာမဟုတ်ပါဘူး။ သစ္စာဖောက်နေပေမဲ့ သူတို့ရဲ့ ဇနီးသည်နဲ့လည်း ဆက်လက်ပေါင်းသင်းနေကြဆဲဖြစ်ပါတယ်။ အိမ်ထောင်ရေးသုတေသီတွေကတော့ အဲ့ဒီလိုဆက်လက် ပေါင်းသင်းနေကြသေးတဲ့ ဖြစ်နိုင်ခြေအကြောင်းရင်း ၇ ခုကို မျှဝေထားကြပါတယ်။

အဲ့ဒီအကြောင်းရင်းလေးတွေကတော့…

၁။ သူ့စိတ်ထဲမှာ အိမ်ဟာ အကောင်းဆုံးနေရာတစ်ခုလို့ မှတ်ယူထားသေးလို့ပါ။

၂။ အပျင်းပြေရုံသက်သက် အငယ်အနှောင်းထားတာမို့ပါ။ အထူးသဖြင့် ဒီလိုအပြုအမူမျိုးကို တစ်ယောက်နဲ့ တစ်ယောက် အချစ်ကြီးကြတဲ့ စုံတွဲတွေ့မှာ တွေ့ရတတ်ပါတယ်။ မယားကြီးကို မချစ်တော့လို့မဟုတ်ဘဲ အပျင်းပြေရုံသက်သက် နောက်ထပ်အချစ်သစ်ရှာတာမျိုးပါ။

၃။ နောက်ထပ်တွေ့ထားတဲ့အချစ်သစ်နဲ့ပတ်သက်ပြီး အဆင်ပြေတဲ့ဖြေရှင်းနည်းတစ်ခုခုရှာနေတာပါ။ အဲ့ဒီ ဖြေရှင်းနည်းကို မတွေ့သေးလို့ လက်ရှိအိမ်ထောင်ကလည်း ခွဲမထွက်သေးတာပါ။

၎။ သူ့ဘဝကြီးတစ်ခုလုံးကို လုံးဝပြောင်းလဲပစ်လိုက်ဖို့ သတ္တိမရှိသေးလို့ပါ။ လက်ရှိဇနီးသည်ရဲ့ ခင်ပွန်းအဖြစ်၊ သားသမီးတွေရဲ့ ဖခင်အဖြစ် နှစ်ပေါင်းများစွာ ရှိလာတဲ့ဘဝတစ်ခုကို ပြောင်းလဲပစ်လိုက်ဖို့ တွန့်ဆုတ်နေတာပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၅။ သားသမီးတွေရဲ့နှောင်ကြိုးတွေ၊ သားသမီးတာဝန်တွေကို သေချာခံစားနားလည်နေလို့ပါ။

၆။ အိမ်ထောင်တစ်ခုကွာရှင်းပြတ်စဲပြီးတဲ့နောက်ဆက်တွဲပြဿနာတွေ၊ ဒဏ်ရာတွေကို မလိုချင်လို့ပါ။

၇။ သစ္စာဖောက်မိပေမဲ့ ဒါဟာ အမှားတစ်ခုကျူးလွန်မိတာမှန်း ကိုယ့်အပြစ်ကိုယ်သိလို့ပါ။

စာချစ်သူတို့ကော အိမ်ထောင်ရေးသုတေသီတွေရဲ့သုံးသပ်ချက်တွေကို လက်ခံသဘောတူပါသလား။ တကယ်လို့ ကိုယ့်အိမ်ထောင်ဖက်က ကိုယ့်အပြင်နောက်တစ်ယောက်ရှိနေပြီလို့ သိရင် ကွာရှင်းပြတ်စဲမှာလား။ ခွင့်လွှတ်မေ့ပစ်မှာလား။

သင့်အမြင်လေးတွေကို comment မှာ မျှဝေခဲ့ပါဦးနော်။