အချစ်က အရာအားလုံးမဟုတ်တဲ့အခါ…

blank

စာချစ်သူတို့ဘဝမှာ နောင်သံသရာ ဘဝအဆက်ဆက်အထိ လက်တွဲသွားချင်တဲ့အထိ ရည်စူးရတဲ့သူတစ်ယောက် ရှိခဲ့ဖူးမှာပါ။ အချစ်က သင်တို့ကို အမြဲတမ်းအတူတူရှိစေနိုင်ခဲ့မယ်လို့ ထင်ခဲ့ပေမယ့် တစ်ခါတလေမှာတော့ အချစ်တစ်ခုတည်းနဲ့ မလုံလောက်တဲ့ အချိန်တွေ ရှိပါတယ်။

အချစ်က အရာအားလုံးမဟုတ်တဲ့အတွက် မဖြစ်နိုင်တော့တဲ့အခြေအနေတစ်ခုကို ရှေ့ဆက်တိုးမနေဘဲ လမ်းခွဲဖို့ဆုံးဖြတ်လိုက်တာဟာ ပျော့ညံ့တာမဟုတ်ပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ချစ်သူနှစ်ဦး အမုန်းတွေနဲ့ လမ်းခွဲကြမယ့်အစား နှစ်ဦးသား အဆင်ပြေပြေကျောခိုင်းလိုက်နိုင်ခြင်းက သင်တို့ကို အဆင်ပြေစေပါလိမ့်မယ်။ လက်မတွဲရပေမယ့် နှလုံးသားထဲမှာတော့ သက်ဆုံးတိုင် ချစ်သွားနိုင်တာပဲမလား။

စာချစ်သူတို့မှာလည်း ဒီလိုမဆုံတဲ့ဖူးစာလေးတွေရှိခဲ့ဖူးတယ်ဆိုရင် comment box မှာ ရင်ဖွင့်ခဲ့ကြပါဦးနော်။