သင့်ရဲ့သားလေး ကြီးကောင်ဝင်တော့မယ်ဆိုရင် ဒါလေးတွေကို အသိပညာပေးထားပါ။

blank

ယောက်ျားလေးတစ်ယောက် ကြီးကောင်ဝင်လာတဲ့အခါ…

  • အရပ်တွေရှည်ပြီး ကြွက်သားတွေ ဖွံ့ဖြိုးလာမယ်။
  • မျက်နှာ၊ လည်ပင်း၊ လက်မောင်းနဲ့ နောက်ကျောမှာ ဝက်ခြံလေးတွေ၊ အဆီဖုလေးတွေ၊ အဖုအပိန့်လေးတွေ ထွက်လာမယ်။
  • အသံတွေ သြရှလာမယ်။
  • ဂျိုင်း၊ ပေါင်ခြံ နဲ့ ချိုင်းကြားမှာ အမွှေးအမျှင်တွေထွက်လာမယ်။
  • မျိုးပွား အင်္ဂါတွေ ဖွံ့ဖြိုးလာမယ်။
  • ကြောက်ရွံ့တာမျိုး၊ စိတ်လှုပ်ရှားတဲ့အခါမျိုးတွေမှာ လိင်အင်္ဂါထောင်မတ်လာမယ်။ (ယောက်ျားလေးတွေဟာ အဲ့ဒါကိုရှက်ရွံ့ထိတ်လန့်တာမျိုးဖြစ်တတ်တာကြောင့်၊ အဲ့ဒါဟာ အရွယ်ရောက်လာခြင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာပြောပြထားပေးပါ)
  • တချို့သော ယောက်ျားလေးတွေအနေနဲ့ အိပ်ပျော်နေစဉ်မှာ လိင်စိတ်တွေဖြစ်ပေါ်လာပြီး သုတ်ရည်တွေထွက်တာကြောင့် ဘောင်းဘီတွေ စိုစွတ်နေတာမျိုးတွေဖြစ်လာမယ်။ (ဒါဟာလည်းပဲ အရွယ်ရောက်ခြင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ထိန်းချုပ်လို့မရနိုင်ဘူးဆိုတာကို သိအောင်ပြောပြထားပါ။ သူတို့ဟာ အိပ်နေရင်း ဆီးသွားမိတယ်လို့ ထင်ပြီး ရှက်ရွံ့နေတတ်ပါတယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

စာချစ်သူတို့ရေ….။

မိဘတစ်ယောက်အနေနဲ့ အဲ့ဒီအပြောင်းအလဲတွေ၊ ဖွံ့ဖြိုးမှုတွေကို သားသားလေးတွေသိအောင် ပြောပြထားက လွယ်ကူတဲ့ကိစ္စတစ်ခုမဟုတ်ပါဘူး။ လွတ်လပ်မှုကို ခုံမင်စပြုလာပြီး ကိုယ့်ကိုယ်ကိုယ်အားကိုးတတ်စပြုလာတဲ့ အရွယ်လေးတွေဟာ အရှက်လည်း သည်းတတ်နေပြီကိုး။ တစ်ခါတလေမှာ ကလေးလို တစ်ခါတလေ ယောက်ျားကြီးတစ်ယောက်လို ပြုမူနေတဲ့ သင့်ရဲ့ ဆယ်ကျော်သက်သားလေးကို အသိပညာပေး၊ ဆုံးမဖို့အတွက် ပထမဦးဆုံး သူတို့ကို နားလည်ပေးဖို့ပါပဲ။ ဟော်မုန်းအပြောင်းအလဲတွေ၊ စိတ်အပြောင်းအလဲတွေကြားမှာ ပြောင်းလဲခြင်းတွေနဲ့ ပျံသန်းနေတဲ့ သင့်သားလေးကို အပြည့်အဝနားလည်ပေးပါ၊ ဂရုစိုက်ပါ၊ စကားနည်းနည်းပြောပြီး သူတို့ပြောတာတွေကို များများနားထောင်ပေးပါ။ တစ်ကိုယ်ရည်သန့်ရှင်းရေးအကြောင်း၊ ကူးစက်ရောဂါတွေအကြောင်းကိုလည်း သူတို့နာလွယ်မယ့် စကားတွေနဲ့ တဖြည်းဖြည်းချင်းပြောပြပေးပါနော်။

သင့်ရဲ့ပြောဆိုရှင်းပြမှုတွေ လွယ်ကူစေဖို့ အင်တာနက်ကနေ ဗွီဒီယိုလေးတွေ၊ ရုပ်ပုံကားချပ်တွေကို အသုံးပြုလို့ရပါတယ်။ အရေးအကြီးဆုံးကတော့ သင်ကိုယ်တိုင်လေ့လာဖတ်ရှုမှတ်သားပါ။ သင့်ရဲ့သားလေးမေးလာတဲ့ မေးခွန်းတွေကိုလည်း စိတ်ရှည်ရှည်နဲ့ဖြေပေးပါနော်။