တစ်ခါတလေမှာ ကိုယ်ချစ်တဲ့သူတွေနဲ့ခွဲခွာရတာဟာ အချစ်တွေလျော့သွားလို့ မဟုတ်ပါဘူး။

blank

စာချစ်သူတို့ရေ…

တစ်ခါတလေမှာ တိုးတက်တယ်ဆိုတဲ့အဓိပ္ပာယ်ဟာ လက်ရှိအခြေအနေတွေ၊ လက်ရှိအတူရှိနေသူ တွေနဲ့ ခွဲထွက်လိုက်ရတဲ့အခြေအနေတစ်ခုလည်း ဖြစ်နေနိုင်ပါတယ်။ သူတို့နဲ့အချိန်တွေအကြာကြီးအတူရှိခဲ့တဲ့ လမ်းကြောင်းဟာ သင့်အတွက် ဆက်လျှောက်ဖို့ အဆင်မပြေတော့ပါဘူး။ သင့်အိပ်မက်နဲ့ ပန်းတိုင်တွေဟာ ပြောင်းလဲသွားတယ်။ သင့်ဘဝထဲက တချို့အရာတွေဆိုရင် လွန်ခဲ့တဲ့နှစ်အနည်းငယ်က သင်ဖြစ်ခဲ့ဖူးတာတွေ နဲ့တောင် လုံးဝခြားနားနေနိုင်ပါတယ်။ အဲ့ဒါက မှားယွင်းတဲ့အရာတစ်ခုမဟုတ်ပါဘူး။

မှန်ပါတယ်။

အပြောင်းအလဲဆိုတာ မကောင်းတဲ့အရာမဟုတ်ပါဘူး။ ပြောင်းလဲသွားတဲ့အတွေးအခေါ်တွေဟာ သင့် ပေါင်းသင်းဆက်ဆံရေးတွေအပေါ်မှာ အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။ ဒါကြောင့် အပြောင်းအလဲကြောင့် သင့်အနေနဲ့ အပြစ်ရှိသလို ခံစားနေစရာမလိုပါဘူး။ လက်ရှိအပြောင်းအလဲက သင့်နှလုံးသားနဲ့ လုံးဝခြားနားနေ ရင်တောင် အဲ့ဒါက အဆင်ပြေပါတယ်။ လိုအပ်လာလို့ တစ်ယောက်ယောက်ကို နှုတ်ဆက်ရမယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ သူတို့နဲ့လမ်းခွဲရမယ့်နေရာတစ်ခုကို သင်ရောက်တဲ့အခါ အဲ့ဒါက မဖြစ်မနေလုပ်ဆောင်ရ တော့မှာသာဖြစ်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ဒါပေမဲ့… အဲ့ဒီလိုလမ်းခွဲလိုက်တိုင်း သူတို့အပေါ် ချစ်ခြင်းတွေလျော့သွားတယ်ဆိုတဲ့ အဓိပ္ပာယ်မဟုတ် ပါဘူး။ သူတို့နဲ့အချိန်မဖြုန်းတော့ဘူးဆိုတဲ့အဓိပ္ပာယ်လည်း မဟုတ်ပါဘူး။ လျှောက်လမ်းခြင်းမတူညီတော့ပေမဲ့ သူတို့ကို သင်ဆက်ချစ်နေလို့ရပါသေးတယ်။ တစ်ယောက်ယောက်နဲ့အမြဲမတွေ့ဆုံဖြစ်တော့တိုင်း သူတို့ကို သင့် နှလုံးသားထဲက ထုတ်ပစ်လိုက်တဲ့အဓိပ္ပာယ်မဟုတ်ပါဘူး။ သူတို့ရှိခဲ့ဖူးတဲ့နေရာမှာပဲ သူတို့ဆက်ရှိနေကြမှာပါ။ သင့်ဘဝရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ သူတို့ကို သင့်ဘဝမှာ အမြဲအမှတ်ရသွားလို့ရပါတယ်။ ကြုံကြိုက်တိုင်း သူ တို့နဲ့အဆက်အသွယ်ပြုလုပ်နိုင်ပါတယ်။

ဒါကြောင့် သင့်ဘဝမှာလည်း အကြောင်းကြောင်းကြောင့် သင်ချစ်တဲ့သူတွေနဲ့ခွဲခွာဖို့ ကြုံလာတဲ့အခါ ဝမ်းမနည်းပါနဲ့။

သူတို့နဲ့မတူညီတော့တဲ့ သင့်ဘဝလမ်းကြောင်းပေါ်အကောင်းဆုံးလျှောက်လှမ်းရင်း သူတို့ကို အမြဲသတိ ရသွားလိုက်ပါနော်။

စာစောင်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။