အဖြစ်များတဲ့ အိမ်ထောင်ရေးပြဿနာများ

blank

၁။ ပြဿနာတွေကို ဖြေရှင်းပုံချင်းမတူတာ၊ အနာဂတ်ရည်မှန်းချက်တွေ မတူညီတဲ့ ပြဿနာ။

၂။ လိင်မှုရေးရာနဲ့ပတ်သက်ပြီး သဘောထားတွေ မတိုက်ဆိုင်တဲ့ ပြဿနာ။

၃။ ဘဝရဲ့ တန်ဖိုးထားမှုတွေ၊ ယုံကြည်ချက်တွေ ကွဲပြားတဲ့ ပြဿနာ။

၎။ အသက်အရွယ်ကွာခြားလွန်းတာ၊ ဘဝအခြေအနေတွေ မတူညီတာကြောင့် အမြင်တွေကွဲပြားတဲ့ ပြဿနာ။

၅။ စိတ်ဒဏ်ရာတွေကို တုံ့ပြန်ပုံခြင်းမတူတဲ့ ပြဿနာ။

၆။ တစ်ယောက်ကိုတစ်ယောက်ဖိအားပေးတတ်တဲ့ ပြဿနာ။

၇။ ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး လွှမ်းမိုးချုပ်ကိုင်တတ်တဲ့ ပြဿနာ။

၈။ အနေကြာလာတာကြောင့် သွေးအေးသွားတတ်တဲ့ ပြဿနာ။

၉။ သဝန်တိုလွန်း၊ ချုပ်ချယ်လွန်းတဲ့ ပြဿနာ။

အဲ့ဒီပြဿနာတွေကို ဖြေရှင်းဖို့ နည်းလမ်းကတော့ တစ်ယောက်ကိုတစ်ယောက် ပွင့်လင်းရိုးသားစွာ ပြောဆိုဆက်ဆံပါ၊ နားလည်ပေးပါ။ ပြဿနာတွေကို အတူတူအဖြေရှာပါ။ တစ်ယောက်ကိုတစ်ယောက် အချိန်ပေးပါ။ ရင်ဖွင့်တာတွေကို နားထောင်ပေးပါ။ ချစ်စခင်စကလို ချိန်းတွေ့ဖို့၊ အထိမ်းအမှတ်နေ့တွေကို အတူတူဆင်နွှဲဖို့ မမေ့ပါနဲ့။ ပြဿနာတွေကို မဖြေရှင်းဘဲနေတာ၊ တစ်ယောက်ကိုတစ်ယောက် ရှောင်ဖယ်နေတာ၊ စကားနာထိုးတာမျိုးတွေကိုရှောင်ကြဉ်ပါ။

စာချစ်သူများအားလုံး သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးဘဝတွေကို တည်ဆောက်နိုင်ကြပါစေနော်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။