အမေအားလုံးအတွက်ပေးစာ….

ဒီစာဟာ သားသမီးတွေကို အသက်နဲ့ရင်းပြီး ခေါ်ဆောင်လာခဲ့တဲ့ မိခင်တွေအားလုံးအတွက် ပေးစာတစ်စောင်ပါ။  “ကမ္ဘာ့အကောင်းဆုံးအမေ” ဆိုတဲ့ ဆုတံဆိပ်ကို ဘယ်သူမှလာမပေးခဲ့ကြပေမယ့် အမြဲတမ်းအကောင်းဆုံးတွေ ကြိုးစားနေတဲ့ မိခင်တွေအတွက်ပါ။

ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့ မေ့လျော့နေကြပြီး သားသမီးတွေရဲ့ အနာဂတ်ကို ပုံဖော်နေကြတဲ့ မဟာကရုဏာရှင်တွေအတွက်ပါ။ နေမကောင်းဖြစ်နေတဲ့ ရင်ခွင်ပိုက်သားလေးကို စိုးရိမ်တကြီးနဲ့ စောင့်ကြည့်နေပြီး “နေကောင်းသွားမှာနော်. ကလေးလေး… မေမေရှိတယ်” လို့ နှစ်သိမ့်ပေးနေတဲ့ ရဲရင့်သူအမျိုးသမီးအတွက်ပါ။

ကမ္ဘာ့အနှံ့က ကလေးတွေရဲ့ သတင်းဆိုးတွေကြားတိုင်း ကိုယ့်ရဲ့ သားသမီးတွေကို စိုးရိမ်တကြီးနဲ့ လိုက်ရှာတတ်တဲ့ နူးညံ့တဲ့ အမျိုးသမီးအတွက်ပါ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

သားသားမီးမီးလေးတွေရှုပ်ထားတဲ့ အိမ်ကို ရှင်းရင်း၊ သားသမီးတွေအတွက် ညစာတွေချက်ရင်း၊ ပင်ပန်းရကောင်းမသိ၊ အပြစ်တင်ရကောင်းမသိတဲ့ အမျိုးသမီးအတွက်ပါ။

သားသမီးတွေရဲ့ ဘေးနားမှာ ပုံပြင်ဖတ်ပြရင်း ကဗျာဆရာမတစ်ယောက်ရဲ့ မုဒ်သွင်းနိုင်သလို စာသင်ပေးတဲ့ ဆရာမတစ်ယောက်အဖြစ်ကို ဗြုန်းဆိုရောက်သွားတတ်တဲ့ အမျိုးသမီးအတွက်ပါ။ ကမ္ဘာပေါ်မှာ ကြော်ကြားနေတဲ့ ဟင်းလျာနာမည်တွေကို မသိပေမယ့် သားသမီးတွေကြိုက်တတ်တာကို အကုန်အစင်သိတဲ့ တစ်ဦးတည်းသော လူသားအတွက်ပါ။

ကိုယ်ပညာမတတ်ခဲ့ပေမယ့် ကိုယ့်သားသမီးတွေကို ပညာတတ်ရမယ်လို့ ဆုံးဖြတ်ထားတဲ့မိခင်တွေ…

ကိုယ်တတ်ထားတာထက် ကိုယ့်သားသမီးတွေကို ပိုတော်တတ်အောင် သင်ပေးမယ်လို့ ဆုံးဖြတ်ထားတဲ့မိခင်တွေ…

အဆင်မပြေမှုတွေကို ခါးစည်းခံပြီး သားသမီးတွေအတွက် အားတင်းထားတဲ့ မိခင်တွေ …

ကလေးလေးကို ထိန်းပြီး ညမအိပ်၊ နေ့မနားနေရပေမယ့် စိတ်ဓာတ်တွေကို အကြံ့ခိုင်ဆုံးတည်ဆောက်ထားနိုင်တဲ့ မိခင်တွေအားလုံးအတွက် ဒီစာစောင်လေးကို ရေးပေးလိုက်ပါတယ်။

မေမေတွေရေ….။

မေမေတို့ ပေးခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေအတွက် လောကကြီးကိုယ်စား၊ သားသမီးတွေကိုယ်စား ဂန္ထဝင်ကနေ ကျေးဇူးတင်ပါတယ်။ မေမေတို့ရဲ့ အပြုံးတွေ၊ စိတ်ဓာတ်ကြံ့ခိုင်မှုတွေဟာ ပြိုင်စံရှားတယ်၊ အနှိုင်းမဲ့တယ်ဆိုတာကိုလည်း ပြောပါရစေနော်။

အမေတွေအားလုံးကို ဂုဏ်ပြုဖို့ ဒီစာစောင်လေးကို ဝေမျှပေးလိုက်ပါဦး။