ခိုင်မြဲတဲ့အချစ်တစ်ခုဖြစ်တည်လာဖို့ ဘာတွေလိုအပ်လဲ။

blank

ချစ်တယ်ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်တဲ့ အရာတစ်ခုပါ။ “အချစ်အတွက်ဆို ဓားတောင်ပဲကျော်ရကျော်ရ၊ မီးပင်လယ်ကိုပဲ ဖြတ်ရဖြတ်ရ” ဆိုတာတွေ၊ “ချစ်သူအတွက်ဆို ကောင်းကင်က ဓူဝံကြယ်ကိုတောင် ခူးဆွတ်ပေးနိုင်တယ်” ဆိုတဲ့စကားတွေဟာ ချစ်သူတွေကြားမှာတော့ ကြည်နူးပီတိဖြစ်စရာလေးတွေပေါ့။ ဒါပေမဲ့ relationship တစ်ခုကို ရေရှည်တည်တံ့ခိုင်မြဲစေတာကတော့ ဒီစကားတွေမဟုတ်ဘဲ ကတိသစ္စာခိုင်မြဲမှုနဲ့ ဒီအလေ့အကျင့်လေးတွေပါ။

၁။ အချိန်ပေးတယ်။

ရှည်ကြာတဲ့ relationship တစ်ခုရဲ့ အခြေခံအုတ်မြစ်ဟာ တစ်ယောက်နဲ့ တစ်ယောက်အချိန်ပေးခြင်းပါ။ ပျော်ရွှင်တဲ့အချစ်ရေးကို ပိုင်ဆိုင်ထားကြတဲ့ ချစ်သူစုံတွဲတွေဟာ ဘယ်လောက်ပဲ အလုပ်များနေပါစေ တစ်ယောက်နဲ့ တစ်ယောက် အချိန်ပေးနိုင်ဖို့ ကြိုးစားတတ်ကြပါတယ်။

၂။ အတူတူရယ်မောကြတယ်။

ကိုယ့်တစ်နေ့တာမှာ ကြုံတွေ့ခဲ့ရတဲ့ ရယ်မောစရာ အဖြစ်အပျက်လေးတွေကို မျှဝေတာဟာ ပျော်ရွှင်စရာကောင်းပြီး ကျန်းမာတဲ့ relationship တစ်ခုကို တည်ဆောက်နိုင်မယ့် သော့ချက်တွေထဲက တစ်ခုပါ။ အတူတူရှိချိန်တိုင်းမှာ ဟာသလေးတွေပြောဆိုကြတာဟာ ချစ်သူနှစ်ဦးရဲ့ relationship ကို ရေရှည်တည်တံ့ခိုင်မြဲစေနိုင်တယ်လေ။

၃။ တစ်ယောက်နဲ့ တစ်ယောက်ညှာတာကြတယ်။

ပျော်ရွှင်နေတဲ့စုံတွဲတစ်တွဲမှာဆိုရင် နှစ်ယောက်လုံးဟာ တစ်ယောက်နဲ့ တစ်ယောက် ထောက်ထားညှာတာမှုတွေ ရှိတတ်ကြပါတယ်။ ဒီလိုထောက်ထားညှာတာမှုရှိခြင်းဟာ ချစ်သူနှစ်ယောက်ကြားမှာရှိတဲ့ ဘယ်လိုပြဿနာတွေကိုမဆို အလွယ်တကူဖြေရှင်းနိုင်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ အမှားတွေကို ခွင့်လွှတ်ပေးတယ်။

တစ်ခါတလေမှာ ချစ်သူရည်းစားတွေဟာ တစ်ယောက်နဲ့ တစ်ယောက်အရမ်းချစ်ကြပေမယ့် စိတ်ထိခိုက်စေတဲ့စကားတွေ ပြောမိတတ်တယ်။ စိတ်နာကျင်စေတဲ့အပြုအမူတွေ ပြုလုပ်မိတတ်ကြပါတယ်။ ဒီအချိန်မှာ အရေးကြီးတာကတော့ ညှိညှိနှိုင်းနှိုင်းနဲ့ ခွင့်လွှတ်တတ်ဖို့ပါပဲ။

၅။ ချစ်သူအမြင်မှာ ဆွဲဆောင်မှုရှိအောင်နေတယ်။

ဟုတ်ပါတယ်။ တွဲလာတာ (၁ဝ) နှစ်ကြာလာပြီဆိုရင်တောင်မှ တစ်ယောက်အမြင်မှာ တစ်ယောက် ဆွဲဆောင်မှုရှိအောင်နေဖို့ လိုပါတယ်။ တစ်ခါတလေမှာ ချစ်သူကို အခုမှ ပထမဆုံးတွေ့ဖူးသလို ချိန်းတွေ့ဖို့၊ ဆွဲဆောင်ဖို့ဆိုတာ အရေးကြီးပါတယ်။ ဒါဟာ ရိုမန်းတစ်ဆန်သလို ချစ်သူနှစ်ယောက်ကြားက အချစ်တွေကို ပြန်လည်ဖြစ်တည်လာစေနိုင်တယ်မဟုတ်လား…

စာချစ်သူတို့သိတဲ့ ခိုင်မြဲတဲ့ relationship တစ်ခု တည်ထောင်နိုင်မယ့်နည်းလမ်းလေးတွေရှိရင်လည်း မျှဝေပေးသွားပါဦးနော်။