အငြင်းသန်တဲ့ မိဘတွေကြောင့် ကလေးတွေမှာ ဉာဏ်ပိုကောင်းလာကြောင်း လေ့လာတွေ့ရှိရ

blank

မကြာခဏ ငြင်းခုံပြောဆိုတတ်ကြတဲ့ မိသားစုဝင်တွေကြားမှာ ကြီးပြင်းလာတဲ့ကလေးတွေဟာ တခြားကလေးတွေထက်ပိုပြီး တီထွင်ဖန်တီးနိုင်စွမ်းမြင့်တယ်လို့ သိပ္ပံပညာရှင်တွေက မကြာသေးမီကပြောကြားခဲ့ပါတယ်။ ဒီနေရာမှာ “ငြင်းခုံတယ်” ဆိုတာ ရန်စောင်ပြီး အော်ဟစ်ငြင်းခုံနေတာကို ပြောတာမဟုတ်ပါဘူး။ နိုင်ငံရေး၊ စီးပွားရေး အမြင်မတူတာတွေကို ချက်ကျလက်ကျ ထောက်ပြပြောဆိုပြီး ဝေဖန်တာကို ဆိုလိုပါတယ်။ ဒီလိုပြီး ပညာသားပါပါငြင်းခုံတတ်ကြတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာတဲ့ ကလေးလေးတွေက စဉ်းစားဆင်ခြင်နိုင်စွမ်းပိုကောင်းပြီး တီထွင်ဖန်တီးနိုင်စွမ်းပိုကောင်းတတ်ပါတယ်။

ဒါပေမဲ့ အဆင်မပြေဘဲ ခဏခဏ ရန်ဖြစ်နေကြတဲ့ မိဘတွေ၊ ဘာမဟုတ်တဲ့အကြောင်းအရာလေးကို ရန်စောင်ငြင်းခုံနေကြတဲ့ မိဘတွေကြားမှာ ကြီးပြင်းလာရင်တော့ အဲဒီကလေးမှာ စိတ်ဒဏ်ရာတွေ ပါလာတတ်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အကျိုးရှိတဲ့အကြောင်းအရာတွေကို ကိုယ်ပိုင်အမြင်နဲ့ ငြင်းခုံပြောကြတဲ့အပြင် ကလေးတွေရဲ့ အမြင်ကိုပါ ပါဝင်ဆွေးနွေးငြင်းခုံစေမယ်ဆိုရင် ကလေးတွေကို ပညာဗဟုသုတပိုမိုရစေပြီး ဉာဏ်ကောင်းစေပါတယ်။ ဒီလို ပါဝင်ပြောဆိုဖို့အတွက် ကလေးတွေဟာ မိဘတွေပြောစကားကို မှတ်သားရတယ်၊ စာတွေဖတ်ရတယ်၊ ပြီးတော့ ကိုယ်ပိုင်အမြင်နဲ့ သုံးသပ်ပြီး အကောင်းဆုံးရလဒ်ကို ထုတ်ကြတယ်။ ဒီလိုလုပ်ရင်းအချိန်ကြာလာတော့ ဗဟုသုတပိုများလာပြီး တီထွင်ဖန်တီးနိုင်စွမ်းလည်း ပိုမြင့်လာတာကို တွေ့ရပါတယ်။

ဒီလိုမျိုး ငြင်းခုံတဲ့မိသားစုမှာ ကြီးပြင်းလာကြတဲ့ ကလေးတွေမှာ နောက်ထပ် ကောင်းကျိုးတစ်ခုရှိပါသေးတယ်။ အဲဒါကတော့ သူများပြောသမျှ ယုံကြည်လက်ခံတာတွေမရှိဘဲ ကိုယ့်အမြင်နဲ့ ကိုယ်တိုင်သုံးသပ်ပြီးမှ ယုံကြည်တတ်တဲ့ အကျင့်ကောင်းလေးတွေ ရှိလာပါတယ်။ ပြီးတော့ အဲဒီလိုကလေးတွေရဲ့ စိတ်ထဲမှာလည်း စိတ်မလုံခြုံမှုတွေ၊ စိုးရိမ်ပူပန်မှုတွေ ဖြစ်ခပါတယ်။

ဒါကြောင့် မိသားစုထဲမှာ ငြင်းခုံမှုတွေမဖြစ်အောင် ဇွတ်ပိတ်ပြီးတားမယ့်အစား ပညာသားပါပြီး ဗဟုသုတရစေမယ့် အကြောင်းအရာလေးတွေကို ချက်ကျလက်ကျငြင်းခုံခိုင်းပါ။ ကိုယ်လက်မခံနိုင်တာ၊ သဘောမတူတာတွေကို ယဉ်ယဉ်ကျေးကျေးနဲ့ ပညာသားပါပါငြင်းဆိုတတ်အောင် ကလေးတွေကို သင်ပေးပါ။ ဒါဆိုရင် တီထွင်မှုဉာဏ်စွမ်းကောင်းမွန်ပြီး စကားအရာမှာ တစ်ဖျားသာတဲ့ လူငယ်တွေ ဖြစ်လာာပါလိမ့်မယ်။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။