အချစ်ရေးတွေ ပြတ်စဲသွားစေတဲ့ အဓိက တရားခံကို သိပါသလား။

blank

မိတ်ဆွေ….

အချစ်ရေးတွေ၊ ပေါင်းသင်းဆက်ဆံရေးတွေကို ပျက်စီးသွားစေတဲ့ တရားခံကို သင် သိပါသလား။ တရားခံကတော့ အဝေးကြီးမှာမဟုတ်ပါဘူး။ အနီးအနားမှာပဲရှိတဲ့ “လောဘ” ဆိုတဲ့ စကားလုံးလေးနှစ်လုံးတည်းပါ။ အိမ်ထောင်ရှင်တွေက လူလွတ်တွေလို လွတ်လပ်ချင်တယ်။ လူလွတ်တွေကကျတော့ အိမ်ထောင်သည်ဘဝကို ကြိုရင်ခုန်ကြတယ်။ ချစ်သူတွေ၊ သူငယ်ချင်းတွေကြားမှာ လောဘဆိုတာဟာ ရန်ပွဲတွေ၊ ငြင်းခုံမှုတွေကို ပိုမိုကြီးမားစေတဲ့ လောင်စာလိုပါပဲ။ အဆုံးသတ်မှာ အကုန်ပျက်စီးသွားစေပါတယ်။

လူတိုင်းမှာတော့ လိုချင်တပ်မက်စိတ် လောဘဆိုတာဟာ အနည်းနဲ့အများတော့ ရှိတတ်ကြတာပါပဲ။ ဒါပေမဲ့ လောဘစိတ်ဟာ လူတွေရဲ့စိတ်တွေကို အဆိပ်ခတ်လိုက်ပြီးတော့ အချစ်ရေးတွေ၊ ပေါင်းသင်းဆက်ဆံရေးတွေကို တတိတိပျက်စီးစေနိုင်တာကိုတော့ မေ့နေတတ်ကြပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဥပမာပြောရမယ်ဆိုရင် ကောင်မလေးတွေဟာ ကောင်လေးတွေကို မနက်အိပ်ရာနိုးနိုးချင်း ဖုန်းဆက် စာပို့စေချင်ကြပါတယ်။ ကောင်လေးဘက်က စာမလာ အကြောင်းမပြန်တဲ့အခါ ဟိုဟိုဒီဒီတွေ လျှောက်တွေးပြီး စိုးရိမ်ပူပန်လာပြီး စတင်စိတ်ဆိုးလာရပါပြီ။ သူမ စိတ်ဆိုးဒေါသထွက်ရတာဟာ ကောင်လေးကြောင့်လို့ ထင်ရပေမဲ့ ပျော်ရွှင်မှုတွေကို ခိုးယူသွားတဲ့ တကယ့်တရားခံက ကောင်လေးကို ဖုန်းဆက်၊ စာပို့စေချင်တဲ့ သူ့ရဲ့လောဘဆိုတာတော့ ကောင်မလေး မသိပါဘူး။ ဒါကြောင့် ပေါင်းသင်းဆက်ဆံရေးတွေကို ပျက်စီးအောင် အလစ်ဝင်တိုက်ခိုက်တတ်တဲ့ လောဘကို မေ့မထားသင့်ပါဘူးနော်။

ကဲ…သင်ကော သင့်အချစ်ရေးကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်ဖို့ အဆင်သင့်ဖြစ်ပြီလား။