ယောက်ျားလေးတစ်ယောက်က သင့်ကိုအမှန်တကယ်ချစ်တယ်ဆိုရင်….။

blank

ယောက်ျားလေးတစ်ယောက်က သင့်ကိုအမှန်တကယ်ချစ်တယ်ဆိုရင်….။

သင်တို့နှစ်ယောက်ရဲ့ နောင်ရေးကိုတွေးပြီး အိပ်ပျက်နေရတာမျိုးတွေ ကြုံတွေ့နေစေမှာ မဟုတ်ပါဘူး။

အလုပ်မပါတဲ့ ကတိစကားတွေနဲ့ သင့်ကိုရင်မောနေစေမှာ မဟုတ်ပါဘူး။

သင်ရထိုက်တဲ့ ဂရုစိုက်မှုတွေကိုတောင်းဆိုပြီး ရင်မောနေစေမှာ မဟုတ်ပါဘူး။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

သူ့ဘဝထဲမှာ သင့်ကိုနေရာပေးဖို့ အတင်းအကြပ်တောင်းဆိုဖို့ လိုမှာ မဟုတ်ပါဘူး။

သင့်အပေါ်ထားတဲ့ သူ့ရဲ့ချစ်ခြင်းမေတ္တာတွေကို ပြသဖို့ တွန့်ဆုတ်နေမှာမဟုတ်ပါဘူး။

သူ့ဘဝရဲ့ တစ်နေ့တာကအစ သူ့ဘဝရဲ့အရေးကြီးတဲ့အရာအားလုံးကို သင်မသိအောင် ဖုံးကွယ်ထားတော့မှာ မဟုတ်ပါဘူး။

ယောက်ျားတစ်ယောက်က သင့်ကိုအမှန်တကယ်ချစ်တယ်ဆိုရင်လေ… သင်ကလွဲပြီး ဒုတိယလူလည်း ရှိမလာနိုင်သလို သင့်ဘေးကနေလည်း ဘယ်တော့မှ ထွက်သွားမှာမဟုတ်ပါဘူး။ မလွဲသာလို့ ထွက်ခွာသွားခဲ့ရရင်တောင် သင့်ကိုအချိန်အကြာကြီးစောင့်မျှော်စေမှာ မဟုတ်ဘဲ သင့်ဆီကိုပြန်လာခဲ့မှာပါ။

ဒါ့ကြောင့်….. တစ်စုံတစ်ယောက်က ချစ်တယ်လို့ပြောပြီး ပျောက်ကွယ်သွားခဲ့ရင် ငိုကြွေးခံစားမနေပါနဲ့။ သင်နဲ့ထိုက်တန်တဲ့ချစ်ခြင်းတွေ မပေးနိုင်လို့သာ သင့်ဘေးကပျောက်ကွယ်သွားခဲ့တာပါ။