သမီးဘဝအတွက် အရေးပါတဲ့ သူတစ်ယောက်ကို မွေးဖွားပေးခဲ့လို့ ကျေးဇူးတင်မိပါတယ် ချစ်ရပါသော မေမေ

blank

ချစ်ရပါသော မေမေရေ….

မေမေ့ကို ပြောပြစရာ၊ ကျေးဇူးတင်စရာတွေ အများကြီးရှိပါတယ်။ အဲဒါတွေကတော့ ကိုကိုနဲ့ သမီးတို့ မိသားစုဘဝလေး တည်ထောင်လိုက်ကတည်းက သမီးအပေါ်မှာ သမီးအရင်းတစ်ယောက်လို ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်းဆက်ဆံပေးလို့ ကျေးဇူးတင်မိပါတယ်။

ဒါ့အပြင် ကျေးဇူးတင်စရာအများကြီး ရှိတဲ့ထဲကနေ ကျေးဇူးတင်စရာ တစ်ခုကတော့ သမီးဘဝကို အများကြီးပြောင်းလဲစေခဲ့တဲ့ ကိုကို့လို သားတစ်ယောက်ကို မေမေက မွေးပေးခဲ့လို့ပါပဲ။

သမီးတို့တွေ တွေ့ဆုံကြတုန်းက မေမေ့သားဟာ တာဝန်သိတတ်တဲ့ လူငယ်လေးတစ်ယောက်အနေနဲ့ သမီး ကိုကို့ကို စကြွေခဲ့ရပါတယ်။ ကိုကို့ရဲ့အမှန်တရားကို လက်ကိုင်ထားတဲ့အပေါ် ကြည့်ခြင်းအားဖြင့် ကိုကို့ရဲ့မေမေဟာ ယောက်ျားကောင်းတစ်ယောက်ရဲ့ လက္ခဏာတွေကို ဘယ်လောက်တောင် သွန်သင်ထားမလဲဆိုတာ တွေးမိပါတယ်။ ပြီးတော့ ကိုကိုဟာ မေမေ့ရဲ့စကားကိုလည်း မြေဝယ်မကျနားထောင်တယ်ဆိုတာ သိထားပါတယ်။

ကိုကို့ရဲ့ကလေးဘဝက ဓာတ်ပုံတွေနဲ့ ကိုကို့ပြောပြချက်တွေအရ ကိုကိုနဲ့ မေမေ့ကြားမှာ ခိုင်မာတဲ့ဆက်ဆံရေးတွေ ရှိခဲ့မယ်ဆိုတာ သိထားပါတယ်။ ငယ်ငယ်ကတည်းက မေမေ့ရဲ့အခြေခံကျကျ သွန်သင်ဆုံးမမှုတွေကြောင့် ဒီနေ့ ကိုကိုဟာ ဒီလိုနှလုံးရည်ပြည့်ဝတဲ့သူတစ်ယောက် ဖြစ်လာခဲ့ရတယ်ဆိုတာ သမီးယုံကြည်ပါတယ်။

ကိုယ်တိုင် ရပ်တည်နိုင်အောင် လုပ်ပေးခဲ့တာ၊ ကိုကို့ကို ယုံကြည်ခဲ့တာ၊ ကိုကို့ကို ချစ်ပေးခဲ့တာတွေအတွက် မေမေ့ကို ကျေးဇူးတင်ပါတယ်။

ပွင့်လင်းတဲ့နှလုံသားတစ်ခုနဲ့ တွေးတတ်၊ ရှင်သန်တတ်၊ ချစ်တတ်တဲ့ ကိုကို့လို သားတစ်ယောက်ကို မွေးဖွားပေးခဲ့လို့ မေမေ့ကို ကျေးဇူးတင်ပါတယ်။ ကိုကိုနဲ့ တွေ့လိုက်တဲ့အခါတိုင်းလည်း သမီးကို စာနာနားလည်တတ်အောင်၊ ကိုယ့်ကိုယ်ကို လေးစားတတ်အောင် အမြဲသင်ပေးခဲ့ပါတယ်။

မျှတတဲ့၊ တာဝန်သိတဲ့၊ စီမံခန့်ခွဲနိုင်တဲ့ သားတစ်ယောက် မွေးဖွားပေးခဲ့လို့ မေမေ့ကို ကျေးဇူးတင်ပါတယ်။ ရည်းစားဘဝမှာ သမီးကို သတ္တိတွေ ရှိလာအောင်၊ အာရုံစူးစိုက်နိုင်အောင် ကိုကိုက သင်ပေးခဲ့တယ်။

ဖခင်ဝတ္တရားလည်း ကျေပွန်တဲ့သားတစ်ယောက်ကို မွေးဖွားပေးခဲ့လို့ မေမေ့ကို ကျေးဇူးတင်ပါတယ်။ ကိုကိုက တကယ့်ကို ဖခင်ကောင်းတစ်ယောက် ပီသသူလည်း ဖြစ်တယ်။ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို အတူတူရင်ဆိုင်ဖို့ ကိုကိုသာ မရှိဘူးဆိုရင် သမီးလည်း မိခင်ကောင်းတစ်ယောက် ဖြစ်ချင်မှ ဖြစ်မှာပါ မေမေ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သမီးဘဝကို ခွန်အားတွေ ပေးခဲ့တဲ့၊ အလင်းပြပေးခဲ့တဲ့ ကိုကို့လို သားတစ်ယောက်ကို မွေးဖွားပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ ကိုကို့ရဲ့စကားတွေနဲ့ ကိုကို့ရဲ့ပုခုံးတွေဟာ သမီးလိုအပ်တဲ့အချိန်တိုင်း အမြဲရှိနေပေးခဲ့တယ်။

သန်မာပြီး ချစ်ခြင်းတရားတွေ ပြည့်ဝနေတဲ့ သားတစ်ယောက်၊ သည်းခံတရားရှိပြီး မျှတတဲ့ လက်တွဲဖော်တစ်ယောက်၊ အရည်အချင်းရှိတဲ့ ဖခင်ကောင်းတစ်ယောက်အဖြစ် မွေးဖွားပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ သမီးဘဝကို မေမေမွေးဖွားပေးလိုက်တဲ့ ကိုကို့လို လူတစ်ယောက်ကြာင့် အကောင်းဆုံးခြေလှမ်းတွေနဲ့ လျှောက်လှမ်းနေရလို့ အမြဲကျေနပ်မိပါတယ်။ မေမေပုံဖော်ပေးလိုက်တဲ့ ကိုကို့ရဲ့ဗီဇ၊ ကိုကို့ရဲ့နောက်ကြောင်းတွေဟာ ဒီနေ့ ကိုကိုဒီလိုရပ်တည်နိုင်ဖို့ ဖြစ်စေခဲ့တယ်။

မေမေ့ကို ကျေးဇူတင်တဲ့အနေနဲ့ သမီးတာဝန်ကို သမီးကျေပွန်အောင် လုပ်ပါ့မယ်၊ မေမေ့ရဲ့သားကိုလည်း ဂရုစိုက်ပေးပါ့မယ်လို့ ကတိပေးပါတယ်။ မေမေ ကိုကို့ကို ထောက်ပံ့ပေးသလိုမျိုး သမီးလည်း ကိုကို့ကို ထောက်ပံ့ပေးပါ့မယ်၊ မေမေ ကိုကို့ကို ယုံကြည်သလိုမျိုး ကိုကိုလည်း သမီးကို ယုံကြည်အောင် နေပါ့မယ်၊ မေမေ့ရဲ့ မြေးငယ်လေးအတွက်လည်း မိခင်ကောင်းတစ်ယောက် ဖြစ်အောင် ကြိုးစားပါ့မယ်။ ကိုကို့ကိုလည်း သမီးနှလုံးသားတစ်ခုလုံးနဲ့ အမြဲ ချစ်ပေးနေပါ့မယ်။

ပြီးတော့  သမီးတို့မိသားစုလေးကို တစ်ဖက်တစ်လမ်းကနေ အမြဲမပြတ်ထောက်ပံ့ပေးနေလို့ နေ့တိုင်းပဲ မေမေ့ကို ကျေးဇူးတင်မိပါတယ်။

ချစ်ရပါသော

မေမေ့ရဲ့ ချွေးမလေး

စာချစ်သူတို့လည်း နောက်ထပ်ပြောချင်တာလေးတွေ ရှိသေးရင် comment box မှာ မျှဝေပေးခဲ့ပါဦးနော်။