ဒီ (၅) ချက်ကို သဘောပေါက်လိုက်တဲ့အခါ သင့်ဘဝထဲကို အချစ်စစ်ဝင်ရောက်လာပါလိမ့်မယ်။

blank

အချစ်စစ်နဲ့တွေ့ပြီးပြီလား။

မတွေ့သေးဘူးဆိုရင်တော့ သင်က အချစ်စစ်နဲ့တကယ်မတွေ့သေးတာထက် အချစ်စစ်ကိုတွေ့တဲ့ အ ချိန်မှာ သိထားသင့်တဲ့အချက်လေး ၅ ချက်ကို သတိမထားမိတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မှန်ပါတယ်။ အချစ်စစ်ဆိုတာကို နားမလည်ခင် ကြိုသဘောပေါက်ထားသင့်တဲ့ အချက်လေး (၅) ချက်ရှိနေပါတယ်။

၁။ အချစ်စစ်ဆိုတာ ခိုင်မာတဲ့မျှဝေမှုတစ်ခုဖြစ်တယ်။

ဘယ်လိုပေါင်းသင်းဆက်ဆံရေးမျိုးဖြစ်ဖြစ် ခိုင်မြဲဖို့ဆိုရင် အကောင်းအဆိုးအားလုံးကို အပြန်အလှန် အမြဲမျှဝေမှုရှိနေဖို့ အလွန်အရေးကြီးပါတယ်။ ဘယ်လောက်ချစ်လဲဆိုတာထက် အရာရာကို ရိုးသားစွာနဲ့ အမြဲ တမ်းမျှဝေမှုရှိနေဖို့က ပိုအရေးကြီးပါတယ်။

၂။ စစ်မှန်တဲ့သူနဲ့တွေ့ချင်ရင် ကိုယ်က စစ်မှန်တဲ့သူဖြစ်အောင် အရင်ကြိုးစားသင့်ပါတယ်။

နောက်ထပ်အချစ်ရေးသစ်တစ်ခုကို မတည်ဆောက်ခင်မှာ ပြီးခဲ့တဲ့အချစ်ရေးမှာ မှားခဲ့တဲ့အရာတွေကို ပြန်သုံးသပ်ပါ။ လိုအပ်ရင် သင့်မှာရှိတဲ့တချို့အရာတွေကိုလည်း အချိန်ယူပြင်ဆင်တည်ဆောက်ပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၃။ သင့်ဘဝကို အကောင်းဆုံးတည်ဆောက်ပေးနိုင်တာ သင်ကိုယ်တိုင်ပဲဖြစ်တယ်။

တစ်ခါတစ်ရံမှာ လူအများစုဟာ ကိုယ့်ဘဝပိုကောင်းလာဖို့ တခြားသူဆီက သနားဂရုဏာတွေ၊ ကြင်နာ မှုတွေကို အဓိကလိုအပ်တယ်လို့ ထင်နေတတ်ကြတယ်။ တကယ်တော့ ဒါဟာ မမှန်ကန်ပါဘူး။ တခြားသူအ ပေါ်အများကြီးမျှော်လင့်ထားတာတွေလျှော့ပြီး သင့်ကိုယ်သင် အားကိုးပါ။

၎။ ရည်မှန်းချက်ရှိတဲ့ဘဝက အကောင်းဆုံးဖြစ်တယ်။

အဓိပ္ပာယ်ရှိတဲ့ဘဝမှာ အပြည့်အဝရှင်သန်ဖို့ကြိုးစားခြင်းက အချစ်အပါအဝင် သင့်ဘဝလမ်းကြောင်း တစ်ခုလုံးကို ဖြောင့်တန်းအောင် ကူညီပေးပါတယ်။ မှန်ကန်တဲ့လမ်းကြောင်းပေါ် လျှောက်လှမ်းနေတဲ့လူတစ် ယောက်ဟာ မှန်ကန်တဲ့အချစ်ကိုလည်း ရွေးချယ်မိဖို့ ပိုများလာပါတယ်။

၅။ အချစ်စစ်မှန်ရင် နာကျင်မှုတွေရှိတယ်ဆိုတာ မှားပါတယ်။

အချစ်စစ်လို့ ဆိုလိုက်တာနဲ့ ရန်တွေအမြဲဖြစ်ပြီး ရုန်းကန်တည်ဆောက်နေကြရတာ မဟုတ်ပါဘူး။ စိတ်ပျက်စရာ၊ နာကျင်စရာတွေ ရှိရင်လည်း စိုးရိမ်စရာမဟုတ်ပါဘူး။ အဲ့ဒီပြဿနာရပ်တွေကို အတူတူကျော် လွှားဖို့က ပိုအရေးကြီးပါတယ်။

စာချစ်သူတို့ကော အချစ်စစ်နဲ့တွေ့ဆုံဖို့ အဆင်သင့်ဖြစ်နေပြီလား။