အမေနဲ့အတူ တစ်သက်မှာတစ်ခါလုပ်ဖူးသင့်တဲ့အရာများ

blank

စာချစ်သူရေ…

ကျွန်မတို့ငယ်ငယ်တုန်းက ဂရုစိုက်မှုတွေ၊ လမ်းညွှန်မှုတွေ ပေးခဲ့တဲ့ အမေဟာ ဘဝမှာနှစ်ယောက်မရှိနိုင်တဲ့ အမျိုးသမီးတစ်ယောက်ပါ။ ကျွန်မတို့တတွေ အသက်ကြီးလာတာနဲ့အမျှ လောကရဲ့ဝဲဂယက်ကြားမှာ အလုပ်တွေများနေရင်း ကျွန်မတို့ရဲ့အမေတွေက ပေးခဲ့တဲ့ချစ်ခြင်းမေတ္တာမျိုးတွေ ပြန်လည်ပေးဖို့ ခွင့်မသာနိုင်ဖြစ်နေတတ်ပါတယ်။ ကျွန်မတို့ဆီက ဘာမှမတောင်းဆိုပေမယ့် အမေကတော့ တဖြည်းဖြည်းအသက်ကြီးလာနေတယ်မဟုတ်လား။ ဒါ့ကြောင့် အမေကျန်းမာနေတုန်းမှာ အမေနဲ့အတူတူ အမှတ်တရအချိန်လေးတွေ ဖန်တီးနိုင်ဖို့ တစ်သက်မှာတစ်ခါတော့ အမေနဲ့အတူ ဒါလေးတွေလုပ်ကြည့်လိုက်ပါနော်။

၁။ ရုပ်ရှင်ရုံမှာ ရုပ်ရှင်အတူတူကြည့်ပါ။

၂။ စားသောက်ဆိုင်ကောင်းကောင်းမှာ ညစာလိုက်ကျွေးပါ။

၃။ ရှော့ပင်အတူတူထွက်ပါ။

၎။ ပွဲတက်ဖို့ မိတ်ကပ်လိမ်းပေးပါ။

၅။ သူမနဲ့ spa ကို အတူတူသွားပြီး massage အတူတူလုပ်ပါ။

၆။ အတူတူ ဟင်းချက်ပါ။

၇။ ငယ်ငယ်ကဓာတ်ပုံတွေပြန်ကြည့်ပြီး ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောပါ။

၈။ အမေနဲ့ နှစ်ယောက်တည်း ခရီးအတူတူထွက်ပါ။

၉။ အမေကြိုက်တဲ့ သီချင်းတွေကို သူမနဲ့အတူနားထောင်ပါ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၁ဝ။ အမေမတတ်မြောက်သေးတဲ့ အရာတစ်ခုခုကို သင်ပေးပါ။

၁၁။ အားကစားအတူတူလုပ်ပါ။

၁၂။ သစ်ပင်အတူတူစိုက်ပါ။

၁၃။ အမေ့ရဲ့သူငယ်ချင်းတွေနဲ့အတူတူ ပါတီတစ်ခုကို ဆင်နွှဲနိုင်ဖို့ စီစဉ်ပေးပါ။

၁၄။ အမေနဲ့အတူတူ ဆလ်ဖီးရိုက်ပါ။

၁၅။ အမေနဲ့အတူတူ အသစ်အဆန်းတစ်ခုခုကို လေ့လာပါ။

သင်ကော.. သင့်အမေနဲ့အတူတူဘာလေးတွေ လုပ်ပြီးပြီလဲ။ ဘာတွေလုပ်ဖို့ကျန်သေးလဲ။ Comment box မှာ မျှဝေပေးပါဦး။