သူ့မျက်လုံးထဲမှာ ကိုယ့်ကမ္ဘာကြီးတစ်ခုလုံးကို တွေ့ခဲ့ဖူးလား…

blank

မျက်လုံးချင်းစကားပြောတယ်ဆိုတာ လွယ်ကူတဲ့အရာတော့ မဟုတ်ပါဘူး။ အလုပ်မှာ ကိုယ်ပြောတဲ့အရာတွေအားလုံးကို အာရုံစိုက်စေချင်တာပဲဖြစ်ဖြစ်၊ ချစ်သူနဲ့ ရိုမန်းတစ်ဆန်လွန်းတဲ့ ညနေခင်းလေး ဖန်တီးချင်တာပဲဖြစ်ဖြစ်  အကြည့်တစ်ချက်ဟာ စကားလုံးတွေအားလုံးထက် အဓိပ္ပာယ်ပြည့်စုံပါတယ်။ ဒါကြောင့် မျက်လုံးချင်းစကားပြောခြင်းရဲ့ ကောင်းကျိုးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

မျက်လုံးချင်းစကားပြောခြင်းဟာ…

၁။ ကိုယ့်ကိုယ်ကိုယ် ပိုပြီးတော့ သတိထားမိစေတယ်။

လူတစ်ယောက်က ကိုယ့်ကို ကြည့်နေပြီဆိုရင် ကိုယ့်အပြုအမူ၊ လုပ်ရပ်တွေအားလုံးကို ဂရုတစိုက်နဲ့ ပိုမိုသတိထားမိတတ်ပါတယ်။ အကောင်းဘက်က တွေးနိုင်ရင် ဒါဟာ ကောင်းတဲ့အရာတစ်ခုပဲ မဟုတ်လား…

၂။ ဆွဲဆောင်မှုပိုစေတယ်။

ချစ်သူရဲ့ မျက်လုံးထဲကို ကြင်နာစွာစူးစိုက်ကြည့်လိုက်ခြင်းက ချစ်သူက စိတ်လှုပ်ရှားသွားစေနိုင်သလို ချစ်သူနှစ်ယောက်လုံးအတွက်လည်း ပျော်ရွင်စရာကောင်းပါတယ်။ အပြုံးတစ်ချက်က ဆွဲဆောင်မှုပိုစေတယ်ဆိုတာ လူတိုင်းသိပြီးထားပါ။ အကြည့်နက်နက်လေးသာ ထပ်ဖြည့်လိုက်မယ်ဆိုရင်တော့ ချစ်သူကို gravity အပြင်ဘက်တောင် ခုန်ထွက်သွားချင်စိတ်တွေဖြစ်သွားစေမှာပါပဲ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

။ ကိုယ့်စကားလုံးတွေကို စွဲမြဲမှတ်မိနေစေမယ်။

အလုပ်ကိစ္စပြောဆိုတဲ့အခါမှာဖြစ်ဖြစ်၊ ချစ်သူနဲ့ တီတီတာတာပြောဆိုတဲ့အခါမှာပဲဖြစ်ဖြစ် အကြည့်တစ်ချက်နဲ့ ကိုယ့်ကို အာရုံစူးစိုက်အောင် လုပ်ထားနိုင်ခြင်းဟာ ရိုးသားမှုနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိမှုတွေကို ဖော်ပြနေတာပါ။ ကိုယ်ပြောလိုက်သမျှ စကားတိုင်းကို ထိရောက်နေစေချင်တယ်ဆိုရင်တော့ မျက်လုံးချင်းစကားပြောနိုင်အောင် ကြိုးစားလိုက်ပါ။

၎။ ကိုယ့်ကို လူတွေပိုမိုသတိထားမှတ်မိစေတယ်။

လေ့လာတွေ့ရှိချက်တွေအရ မျက်လုံးနဲ့စကားပြောတတ်တာ၊ စကားပြောတဲ့အခါ လက်ဟန်ခြေဟန်လုပ်တတ်တာ၊ ခေါင်းတညိမ့်ညိမ့်နဲ့ စကားပြောတတ်တာတွေဟာ ကိုယ့်ကို လူတွေ ပိုမိုသတိထားမိစေပြီး မှတ်လည်း မှတ်မိစေပါတယ်တဲ့။

၅။ ကိုယ့်ကို လိမ်ညာနေရင် ချက်ချင်းသိနိုင်တယ်။

“ငါ့မျက်လုံးထဲကို တည့်တည့်စိုက်ကြည့်ပြီး အမှန်အတိုင်းပြောစမ်းပါ” ဆိုတဲ့ စကားတွေကို ရုပ်ရှင်တွေထဲမှာ ကြားဖူးမှာပေါ့။ လူတစ်ယောက်ကို စေ့စေ့ကြည့်ရင်း လိမ်ညာနိုင်ဖို့ဆိုတာ သိပ်ခက်ခဲပါတယ်။ ဒါကြောင့် ဘယ်သူ ကိုယ့်ကို လိမ်နေလဲဆိုတာ သိရှိနိုင်ဖို့ စကားပြောတဲ့အခါ မျက်လုံးတွေကို သေချာစိုက်ကြည့်ပြီး ပြောပါ။

၆။ ချစ်မိသွားအောင်လည်း လုပ်ဆောင်နိုင်တယ်။

ရုပ်ရှင်ဇာတ်လမ်းတွေထဲက ရိုမန်းတစ်အဆန်ဆုံးအရာဟာ မင်းသားနဲ့ မင်းသမီး တစ်ယောက်မျက်လုံးထဲ တစ်ယောက်စိုက်ကြည့်နေတဲ့အချိန်ပါ။ သိပ္ပံပညာတွေ့ရှိချက်တွေအရလည်း တစ်စုံတစ်ယောက်ရဲ့ မျက်လုံးထဲကို စိုက်ကြည့်မိခြင်းက သူ့ကို ချစ်မိသွားစေနိုင်ပါတယ်တဲ့။

စာချစ်သူတို့ကကော အကြည့်တစ်ချက်နဲ့ အရာအားလုံးကို သိမ်းပိုက်နိုင်သူလား။ ဒါမှမဟုတ် ရှက်ရွံ့စွာနဲ့ မျက်လုံးတွေကို ရှောင်လွှဲထားတတ်သူလား။