ကျွန်တော်လက်ထပ်ချင်တဲ့ ကောင်မလေး

blank

          ကျွန်တော့်ရဲ့ သူမအပေါ် စွဲလမ်းမှုတွေကို စိတ်မပျက်မယ့် ကောင်မလေးကို လက်ထပ်ချင်ပါတယ်။ သူမသာ ကျွန်တော့်ဘဝရဲ့ တစ်ဦးတည်းသော နတ်သမီးဆိုတာ ယုံကြည်ပြီး ကျွန်တော့်အပေါ် သံသယတွေမထားမယ့် ကောင်မလေးမျိုးပေါ့။ ကျွန်တော့်ရဲ့ အားနည်းချက်တွေကိုသိရှိပြီးတော့ နားလည်လက်ခံပေးမယ့် ကောင်မလေးနဲ့ တစ်ဘဝလုံး အတူတူ အချိန်တွေ ကုန်ဆုံးချင်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကျွန်တော့်ရဲ့ စိတ်ဝိဉာဉ်ကို ဖမ်းဆုပ်နိုင်ဖို့ အရာအားလုံးကို လွှတ်ချလိုက်နိုင်မယ့် ကောင်မလေးပေါ့။ သူမကို ချစ်လွန်းလို့ ရေးမိတဲ့ကဗျာတွေကို မလှောင်ပြောင်ဘဲ သဘောကျမယ့်သူမျိုးပေါ့။ သူမအပေါ် ကျွန်တော်အချစ်တွေလျော့သွားမှာ၊ မချစ်တော့မှာကို သူမ စိတ်ပူစရာမလိုပါဘူး။ သူမအပေါ် ထားရှိတဲ့ ကျွန်တော့်ရဲ့ အဆုံးမရှိတဲ့ အချစ်တွေကိုသာ သူမ လက်ခံနိုင်ဖို့ လိုပါတယ်။ သူမဟာ ဒီအချစ်မျိုးနဲ့ ထိုက်တန်တဲ့ကောင်မလေးပဲလေ။ အချစ်ဆိုတာ ကစားပွဲတစ်ခုမဟုတ်ဘဲ ဘဝတစ်ခုဖြစ်တာမို့ သူမအပေါ်မှာ ကျွန်တော့်အချစ်၊ မေတ္တာ နဲ့ သစ္စာတရားအားလုံးကို ပေးအပ်သွားမှာပါ။

ဒီစာစောင်လေးကို နှစ်သက်သဘောကျမိတယ်ဆိုရင် SHARE ပေးသွားပါဦးနော်။