ကလေးတွေက အမေ့ရှေ့မှာ ဘာလို့ပိုကဲ… ပိုဆိုးကြတာလဲ။

blank

စာချစ်သူတို့ရေ….။

အဒေါ်တွေ၊ အဘွားတွေနဲ့သာ အပြင်သွားကြည့်၊ ကလေးတွေက ငြိမ်နေတာပဲ။ အမေနဲ့အတူတှူရှိတဲ့ အချိန်တွေမှာဆိုရင်တော့ ခင်းလိုက်တဲ့ ဒရာမာ၊ ဆော့လိုက်တာလည်း တာလေလန်နေတာပဲ” ဆိုတဲ့ စကားလေးတွေကို ကြားဖူးတယ်မဟုတ်လား။

ကလေးတွေက အမေနဲ့ ဆိုရင်ပိုဆိုးတတ်တယ်လို့ ထင်မိနေလား။ တကယ်တော့ အဲ့ဒီလို ထင်နေတာက သင်တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာရှိတဲ့ ကဲစိန်အများစုဟာ အမေ့ရှေ့မှာဆိုရင် အဆ ၈ဝဝ လောက်ပိုဆိုးတတ်ကြတယ်တဲ့။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ဒါဟာ ကလေးတွေအနေနဲ့ မိခင်တွေရှိနေတဲ့အခါ သူတို့ကလုံခြုံဘေးကင်းတယ်လို့ ခံစားရလို့ပါတဲ့။ သူတို့ရဲ့ ပြဿနာမှန်သမျှအမေတွေကိုပြောပြမယ်။ လိုတာတွေကိုပူဆာမယ်။ တကျီကျီနဲ့စကားတွေ ပြောမယ်။ အမေဆိုတာ သားသမီးတွေရဲ့ Safe House ကြီး လို့ သတ်မှတ်ထားတာကြောင့်သာ ပိုဆိုးတတ်ကြတယ်ဆိုတာကို နားလည်ပေးလိုက်ပါနော်။