လူတွေအိမ်ထောင်ဘာကြောင့်ပြုကြတယ်။

blank

ဘဝမှာ…..

မှီခိုစရာပုခုံးလေးတစ်ဖက်လိုတယ်။

အိမ်ကိုစောစောပြန်ဖို့ အကြောင်းပြချက်တစ်ခုလိုတယ်။

ရုံးမှာကြုံတွေ့ရမယ့်အလုပ်ဖိအားတွေကို ရင်ဆိုင်နိုင်စေဖို့ နှုတ်ဆက်အနမ်းတွေလိုတယ်။

အိမ်တံခါးစောင့်ဖွင့်ပေးပြီး ပွေ့ဖက်နှုတ်ဆက်မယ့်သူတစ်ယောက်လိုတယ်။

ကိုယ်ချစ်သလောက်ကိုယ့်ကိုပြန်ချစ်ပါတယ်လို့ သက်သေပြနေတဲ့ အနမ်းတွေလိုအပ်တယ်။

စိုးရိမ်ကြောင့်ကျနေတဲ့အခါတိုင်း “ကိုယ်ရှိနေတယ်” လို့ပြောပြီး နဖူးပေါ်ကျလာတဲ့ အနမ်းနွေးနွေးလေးတွေလိုတယ်။

လရောင်အောက်မှာ လျှောက်လှမ်းကြတဲ့ တိတ်ဆိတ်တဲ့ညတွေမှာ အဖော်ပြုပေးမယ့် လက်တစ်စုံလိုတယ်။

သူ့ရဲ့ မျက်လုံးကိုတည့်တည့်ကြည့်လိုက်တိုင်း ကိုယ့်ကိုယ်ကိုယ်ပြန်မြင်ရစေတဲ့ အကြင်နာမျက်ဝန်းတစ်စုံလိုတယ်။

သူ့ရဲ့ရှိနေမှုဟာ အောင်မြင်မှုတွေကို ဆွတ်ခူးဖို့ အားအင်ဖြစ်စေတဲ့ လှုံ့ဆော်မှုမျိုးလိုတယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

အနာဂတ်အရေးတွေပြောရင်း အိပ်ပျော်သွားဖို့ ရင်ခွင်တစ်စုံလိုတယ်။

စိတ်တွေရှုပ်ထွေးနောက်ကျိနေတိုင်း အပြုံးလေးနဲ့ အရည်ပျော်စေတဲ့ ကြင်နာသူတစ်ယောက်လိုတယ်။

ကိုယ့်ကိုယ်ကိုယ်အားမလိုအားမရဖြစ်နေတိုင်း ရှိနေတဲ့အရည်အချင်းတွေကို မြင်အောင် အသုံးချတတ်အောင် လမ်းပြပေးတဲ့ ပဲ့ကိုင်ရှင်တစ်ယောက်လိုတယ်။

ကိုယ်ရဲ့ကိုယ်သင်းနံ့ကို ရချင်လို့ မလျှော်ရသေးတဲ့ ရှပ်အင်္ကျီအဟောင်းကို ခိုးဝတ်တတ်တဲ့ ရူးသွပ်တဲ့ချစ်သူတစ်ယောက်လိုတယ်။

ဒေါသတကြီးဖြစ်နေတိုင်း စိတ်လျှော့ဖို့ သတိပေးတတ်တဲ့ နားလည်တတ်သူတစ်ယောက်လိုတယ်။

အသက်ကြီးလာလို့ ဘဝနေ့ရက်တွေတိုတောင်းလာတဲ့အခါ နောက်ထပ်တစ်ရက်အသက်ရှင်ချင်တယ်လို့ တောင်းဆုပြုမိစေမယ့် အကြောင်းပြချက်တစ်ခုလိုတယ်။