အသည်းကွဲတဲ့အခါ ဖြစ်တတ်တဲ့လူအမျိုးမျိုး။

blank

လူတိုင်းဟာ ဘဝမှာတစ်ကြိမ်တစ်ခါတော့ အချစ်နဲ့တွေ့ဖူးကြတယ်တဲ့။ အဲ့ဒီအခါမျိုးမှာ တချို့က ချစ်သောသူနဲ့ရိုးမြေကျပေါင်းဖက်သွားကြပြီး တချို့ကတော့ ချစ်သူကြောင့်နာကျင်ကြေကွဲရတယ်။ အသည်းကွဲကြရတယ်။ လူတစ်ယောက်နဲ့တစ်ယောက် စိတ်ခွန်အားချင်း၊ ဘဝနောက်ခံချင်း၊ အချစ်ဇာတ်လမ်းချင်းမတူညီကြသလို အသည်းကွဲဒဏ်ရာတွေအပေါ် တုံ့ပြန်ကြပုံချင်းလည်း မတူညီပါဘူး။ သင်ကော… အသည်းကွဲဖူးလား။ အသည်းကွဲတုန်းက သင်က ဘယ်လိုလူဖြစ်သွားခဲ့တာလဲ။

၁။ လမ်းခွဲသွားတဲ့ ချစ်သူပြန်အလာကို အမျှော်ကြီးမျှော်ခဲ့တဲ့ မျှော်တော်ယောင်…

၂။ ချစ်သူနောက်ကို facebook တွေ၊ instagram နောက်ယောင်ခံရင်း အချိန်တွေကုန်ဆုံးခဲ့တဲ့ စုံထောက်…

၃။ အတူတူရောက်ဖူးတဲ့နေရာတွေကို သွား၊ စားခဲ့ဖူးတာတွေ လိုက်စားပြီး ဆွေးလိုက်တွေးလိုက်လုပ်တတ်တဲ့ လေလွင့်သူ…

၎။ အတိတ်ကိုတွေးလိုက် ငိုလိုက်နဲ့ အထာကျနေတတ်တဲ့ အငိုမင်းသမီး…

၅။ “အသည်းကွဲတဲ့သူထက် သူငယ်ချင်းတွေကို သနားလိုက်တာ” လို့ တရလောက်အောင် အပေါင်းအပါတွေကို ဒုက္ခပေးတတ်တဲ့ ဒရာမာကွင်း….

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

၆။ အဆိပ်ကို အဆိပ်နဲ့ကုမယ်လို့ ကြွေးကြော်ပြီး အချစ်သစ်လိုက်ရှာတတ်တဲ့ အချစ်ကိုကိုးကွယ်သူ…

၇။ အသည်းဒဏ်ရာကို အလှပြင်ရင်း၊ အစားစားရင်း၊ လေ့ကျင့်ခန်းလုပ်ရင်း၊ ခရီးထွက်ရင်း ကုမယ်လို့ သဘောပိုက်တတ်တဲ့ ကိုယ့်ကိုယ်ကိုယ်မြတ်နိုးသူ…။

၈။ “ဒင်းထက်သာအောင် ကြိုးစားပြမယ်”လို့ ကြွေးကြော်ပြီး အလုပ်ပိုကြိုးစားပြတဲ့ အလုပ်ကြမ်းပိုး…။

၉။ “ငါ့မှာလိုအပ်ချက်ရှိလို့ ထားခဲ့တာ” လို့ တွေးတွေးပြီး ဆွေးနေတတ်တဲ့ ဒီပရက်ရှင်သမား။

၁ဝ။ အစားပျက်၊ အအိပ်ပျက် အသည်းကွဲတဲ့ဒဏ် အလူးအလဲခံတတ်တဲ့ စံပြအသည်းကွဲသမား။

သင်ကော အသည်းကွဲတဲ့အခါ ဘယ်လိုလူဖြစ်သွားတတ်တာလဲ။ Comment box မှာ မျှဝေပေးပါဦး။