ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်သူတွေဖြစ်လာစေတဲ့အရာတွေက ဘာလဲ။

blank

စာချစ်သူတို့ရေ…။

ကလေးငယ်တစ်ယောက်က အခြားကလေးတစ်ယောက်ကို လိင်အကြမ်းဖက်တာမျိုးတွေကို ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်မှာ ကြားသိလာရပါတယ်။ ဥမမည်စာမမြောက်သေးတဲ့ ကလေးငယ်တွေအနေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်ကြရခြင်းနောက်ကွယ်မှာ ဘယ်လိုမျိုးအကြောင်းပြချက်တွေရှိနေလဲဆိုတာကို စဉ်းစားမိဖူးလား။

အဲ့ဒါကို အဖြေထုတ်နိုင်ဖို့အတွက် လေ့လာသူတွေက စနစ်တကျလေ့လာမှုတွေ ပြုလုပ်ခဲ့ပါတယ်။ မွေးချင်းမောင်နှမတွေ၊ အတန်းဖော်တွေနဲ့ သူငယ်ချင်းတွေကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်ခဲ့ကြတဲ့ အသက် (၁ဝ) နှစ်နဲ့ (၁ဝ) အောက်ကလေးငယ်တွေရဲ့ ဘဝနောက်ကြောင်းကို လေ့လာကြည့်လိုက်တဲ့အခါ

အကြမ်းဖက်မှုတွေနဲ့ ထိတွေ့နေရမှု

ရံဖန်ရံခါဆိုသလို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံနေရမှု

ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုတွေ လုံးဝမရရှိမှု

လျစ်လျူရှုခံရမှု၊ အနိုင်ကျင့်ခံရမှု

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး အသက်အရွယ်နဲ့ မလိုက်အောင် ကြားမြင်ထိတွေ့ခံနေရမှုတွေ ပါဝင်တယ်လို့တွေ့ရှိခဲ့ရပါတယ်။ မိဘတွေရဲ့ ဆိုးဝါးပြင်းထန်တဲ့ထိန်းကျောင်းမှုတွေ၊ လျစ်လျူရှုမှုတွေ ဟာလည်းပဲ ကလေးငယ်တွေကို အကြမ်းဖက်သူတွေဖြစ်အောင် တွန်းပို့နေတဲ့ တရားခံတွေပါပဲ။ ဒါ့ကြောင့် သင့်ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မခံရအောင် ကာကွယ်ပေးဖို့က သင့်တာဝန်ဖြစ်သလို အကြမ်းဖက်သူတွေမဖြစ်အောင် ပျိုးထောင်ပေးဖို့ကလည်း သင့်တာဝန်ပါပဲ။

သင့်ရဲ့အမြင်လေးတွေကိုလည်း ဆွေးနွေးပေးပါဦးနော်။