နို့တိုက်မိခင်နဲ့ ကော်ဖီသောက်သင့်၊ မသောက်သင့် ပြဿနာ

blank

ကလေးမွေးဖွားပြီးကာစမိခင်တွေအတွက်က အိပ်ရေးဝဝအိပ်စက်ခြင်းနဲ့ ကော်ဖီကောင်းကောင်းလေးတစ်ခွက်ကို အရသာခံပြီးသောက်ရခြင်းက ဘာနဲ့မှမလဲနိုင်တဲ့ အရသာလေးတွေပါ။ တချို့လူကြီးတွေဆိုရင် နို့များများထွက်အောင် ကော်ဖီကို ခပ်ကျဲကျဲဖျော်ပြီး နို့တိုက်မိခင်တွေကို သောက်စေပါတယ်။ ဒါပေမဲ့ ကော်ဖီမှာပါဝင်တဲ့ ကဖိန်းဓာတ်က ဗဟိုအာရုံကြောအဖွဲ့အစည်းကို နိုးကြွစေပါတယ်။ ဒီတော့ နို့တိုက်မိခင်သောက်လိုက်တဲ့ ကော်ဖီဟာ ကလေးကိုသွားပြီး သက်ရောက်နိုင်လား… လေ့လာကြည့်ရအောင်။

ကျွမ်းကျင်သူတွေ ပြောကြားချက်အရ မိခင်သောက်လိုက်တဲ့ကော်ဖီဟာ ကလေးကို အရမ်းကြီးမထိခိုက်ဘူးလို့ဆိုပါတယ်။ မိခင်သောက်ထားတဲ့ကော်ဖီရဲ့ ၁% လောက်ကသာ နို့ရည်ထဲပါသွားပြီး ကလေးဆီကို ရောက်သွားတာပါ။ ဒါပေမဲ့ ၃လမပြည့်သေးတဲ့ ကလေးငယ်တွေဆိုရင်တော့ ပိုပြီး ဂရုစိုက်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ မွေးကင်းစကလေးတွေရဲ့ အစာချေဖျက်မှုနဲ့ အာဟာရစုပ်ယူမှုစနစ်က ကဖိန်းဓာတ်ကို မခံနိုင်သေးပါဘူး။ ဒါကြောင့် တချို့တွေမှာ မိခင်က ကော်ဖီသောက်ရင် ကလေးမှာ ဓာတ်မတည့်တာတွေ၊ အိပ်မပျော်တာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နို့တိုက်မိခင်တွေအနေနဲ့ ကလေးအရမ်းငယ်လွန်းရင် ကော်ဖီမသောက်သင့်ပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကဖိန်းဓာတ်ဟာ ကလေးတစ်ဦးချင်းစီမှာ မတူညီတဲ့အကျိုးတွေ သက်ရောက်စေပါတယ်။ ဒါကြောင့် ကလေးနည်းနည်း ကြီးလာပြီဆိုရင်တောင် ကလေးနဲ့ တည့်လားမတည့်လားဆိုတာကို အရင်စောင့်ကြည့်ပြီးမှ သောက်သင့်ပါတယ်။ ကလေးမှာ စိတ်ရှုပ်ထွေးပြီး ဂျီကျတတ်တဲ့လက္ခဏာ၊ အအိပ်အနေနည်းတဲ့ လက္ခဏာရှိနေတယ်ဆိုရင် ကော်ဖီကို မသောက်သင့်ပါဘူး။ မနေနိုင်လို့သောက်မယ်ဆိုရင်တောင် ခပ်ကျဲကျဲဖျော်ပြီး လျှော့သောက်ပါ။

ပညာရှင်တွေ အကြံပြုတာကတော့ ကလေးနည်းနည်းကြီးနေပြီဆိုရင် နို့တိုက်မိခင်တွေအနေနဲ့ တစ်နေ့ကို ကော်ဖီ ၂ ခွက်အထိသောက်နိုင်ပါတယ်တဲ့။ ဒါပေမဲ့ ကဖိန်းဓာတ်ကို ခုခံနိုင်စွမ်းက ကလေးတစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် ကလေးရဲ့ အခြေအနေကို စောင့်ကြည့်ပြီးမှ ကော်ဖီသောက်ပါ။ ကော်ဖီသောက်ရာမှာလည်း ကော်ဖီမစ်တွေထက် သဘာဝကော်ဖီမှုန့်စစ်စစ်ကို ဖျော်ပြီးသောက်တာက ကျန်းမာရေးအတွက် ပိုကောင်းပါတယ်။

မှတ်သားစရာစာစောင်လေးဖြစ်တာကြောင့် SHARE ပေးလိုက်ပါဦးနော်။