ဘဝလက်တွဲဖော်အဖြစ် မရွေးချယ်သင့်သော ယောက်ျားအမျိုးအစား

blank
၁။ ပူပူနွေးနွေးအသည်းကွဲထားတဲ့ယောက်ျား

ဒီလိုယောက်ျားမျိုးတွေဟာ သင့်ကို ဘယ်လောက်ချစ်ပါတယ်ပြောပြော သူတို့စိတ်ထဲမှာ သူတို့ရည်းစားဟောင်းက ရှိနေဦးမှာပါ။ သူ့ကို ပြန်ချစ်လိုက်မိတာနဲ့ သင်က အဖြည့်ခံဖြစ်ဖို့ ၅ဝ% လောက်သေချာသွားပါပြီ။

၂။ ငွေမရှိသလို ရှာလည်းမရှာနိုင်တဲ့ယောက်ျား

ငွေနဲ့ ပျော်ရွှင်မှုတွေ၊ ချစ်ခြင်းမေတ္တာတွေကို ဝယ်ယူလို့မရပေမဲ့ ငွေမရှိရင် ပျော်ရွှင်မှုတွေ၊ ချစ်ခြင်းမေတ္တာတွေလည်း ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတတ်ပါတယ်။ ငွေမရှိတာထက် ပိုဆိုးတာကတော့ ငွေရှာချင်စိတ် မရှိတာပါပဲ။

၃။ သင့်ကိုအခြားကောင်မလေးတွေနဲ့ နှိုင်းယှဉ်ပြောတတ်တဲ့ယောက်ျား

သင်က အနှိုင်းယှဉ်ခံစရာအရာဝတ္ထုတစ်ခု မဟုတ်ပါဘူး။ သင့်ထက် တခြား ကောင်မလေးတွေကို ပိုအထင်ကြီးနေတဲ့ယောက်ျားမျိုးကို ဝေးဝေးရှောင်ပါ။

၎။ အမြဲတမ်းညည်းညူပြီး ဇွဲမရှိတဲ့ယောက်ျား

သူ့အတွက်ကတော့ ဘဝဆိုတာ အရမ်းခက်ခဲပြီး အပျော်ဆိုတာ မရှိသလောက်နည်းပါတယ်။ သူ့ကိုသာချစ်မိရင် သင်လည်း ပျော်ရွှင်မှုတွေ ပျောက်ဆုံးသွားနိုင်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ အမိန့်တွေနဲ့ ချုပ်ချယ်တတ်တဲ့ယောက်ျား

သင်က ထိန်းချုပ်ခံ စက်ရုပ်တစ်ရုပ်မဟုတ်ပါဘူး။ ချုပ်ချယ်အမိန့်ပေးချင်တဲ့ အာဏာရှင်ချစ်သူလက်အောက်ကနေ ရုန်းထွက်ပြီး သင့်ဘဝအတွက် ဒီမိုကရေစီရယူဖို့ အချိန်တန်ပြီမဟုတ်လား။

၆။ ငွေဂုဏ်မောက်နေတဲ့ ယောက်ျား

ချမ်းသာတာဟာ ပြစ်ချက်မဟုတ်ပေမဲ့ သူ့ရဲ့ချမ်းသာမှုတွေအပေါ်မှာ ငွေဂုဏ်မောက်ပြီး ကြွားဝါနေတယ်ဆိုရင်တော့ ပြစ်ချက်ကြီးတစ်ုဖြစ်သွားပါပြီ။ အထူးသဖြင့် ချစ်သူတွေကြားမှာ ငွေစကားအရမ်းပြောနေရင်ပေါ့။

၇။ မိဘပိုက်ဆံ ထိုင်ဖြုန်းနေတဲ့ယောက်ျား

ပညာစုံပြီး လူလားမြောက်တာတောင် အလုပ်လုပ်ပြီး ကိုယ့်ပိုက်ဆံကိုယ်မရှာဘဲ မိဘပိုက်ဆံထိုင်ဖြုန်းနေတာက အရည်အချင်းကောင်းတစ်ခုမဟုတ်ပါဘူး။ မရှိတာထက် မရှာချင်တာက ပိုဆိုးပါတယ်။

၈။ မိခင်အလိုကျ ရှင်သန်နေထိုင်ရတဲ့ယောက်ျား

သားတစ်ယောက်အနေနဲ့ မိခင်ကို ဦးစားပေးတာက ဖြစ်သင့်ပေမဲ့ ကိစ္စတိုင်းကို မိခင်ရဲ့ ဆုံးဖြတ်ချက်ယူရတယ်၊ မိခင်ရဲ့ လွှမ်းမိုးမှုခံနေရတယ်ဆိုတဲ့ ယောက်ျားမျိုးကို ရှောင်သင့်ပါတယ်။ အထူးသဖြင့် သင်နဲ့ သင့်ယောက္ခမလောင်းနဲ့ အဆင်မပြေတဲ့အခြေအနေမျိုးတွေမှာပေါ့။

သင့်ထင်မြင်ချက်လေးတွေကို comment box မှာ ဝေမျှဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ ထောက်ခံတယ်ဆိုရင် SHARE လိုက်ပါ။