ဒေါသစိတ်ဆိုတာ လွှတ်ပေးလိုက်ရင် ညှဉ်းပန်းနှိပ်စက်မှုဆီဦးတည်သွားတတ်တယ်။

blank

စာချစ်သူတို့ရေ…

စိတ်တိုတိုင်း နံရံကို လက်သီးနဲ့ပစ်ထိုးပြီး ဒေါသတွေကို ဖြေလျှော့တတ်တဲ့သူတွေထဲမှာ သင် ကောပါနေလား။

တကယ်တော့ အဲ့ဒီအမူအကျင့်ဟာ အဲ့ဒီလူရဲ့ပတ်ဝန်းကျင်အတွက် အန္တရာယ်အငွေ့အသက် တွေ ဖြစ်နေပြီဆိုတဲ့ အခြေအနေတစ်ရပ်ဖြစ်ပါတယ်။ ကြာလာတဲ့အခါ သူတို့တွေဟာ ဒေါသတွေဖြေ လျှော့ဖို့ နံရံနဲ့တင်မလုံလောက်တော့ပဲ အနီးဝန်းကျင်ကိုပါ အသုံးချလာနိုင်ပါတယ်။

သူတို့တွေဟာ စိတ်လိုက်မာန်ပါ ကိုယ်ထိလက်ရောက်လုပ်ပြီးရင်လည်း “ ငါ ဘယ်လိုဖြစ်လို့ အဲ့ဒီလိုလုပ်လိုက်မိလဲဆိုတာ ငါကိုယ်တိုင်တောင် မသိတော့ဘူး” လို့ မျက်ရည်တစမ်းစမ်းနဲ့ ပြန် တောင်းပန်တတ်ကြတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

လူအများစုရဲ့သဘောသဘာဝကလည်း မိမိချစ်ခင်သူတွေရဲ့ ဆိုးကွက်ထက် ကောင်းကွက်ကို ပိုကြည့်ပြီး ယုံကြည်ပေးချင်ပါတယ်။ ဘယ်လောက်ဆိုးနေနေ ကောင်းကွက်လေးတွေကို ရှာကြံပြီး ခွင့် လွှတ်ပေးတတ်ကြတယ်။ ဒါပေမဲ့ ဒါကလည်း အတိုင်းအတာတစ်ခုအထိပဲ ဖြစ်သင့်ပါတယ်။ လိုအပ် တာထက်ပိုအောင် သင့်အပေါ် ကိုယ်ထိလက်ရောက်နှိပ်စက်လာပြီဆိုရင်တော့ ဒါဟာ သင့်အတွက် အန္တရာယ်ရှိနေပြီဆိုတာ မမေ့ပါနဲ့။

ဒါကြောင့် သင်ကိုယ်တိုင်လည်း ဒေါသထွက်တိုင်း သူတစ်ပါးအပေါ် ကိုယ်ထိလက်ရောက် မ ကျူးလွန်မိအောင် သတိပြုထိန်းသိမ်းပါ။ သင့်အပေါ် ကိုယ်ထိလက်ရောက် ညှဉ်းပန်းနှိပ်စက်မှုပြုတတ် သူတွေရဲ့ အလေ့အထကိုလည်း ခွင့်လွှတ်သည်းခံနေခြင်းနဲ့ ဆက်လက်ရှင်သန်ခွင့်မပြုသင့်ပါဘူး။

လွတ်လပ်ငြိမ်းချမ်းတဲ့ လောကဝန်းကျင်ကို တည်ဆောက်ဖို့ ဒီစာစောင်လေးကို  LIKE & SHARE လုပ်ပေးပါဦး။