အစားတစ်လိုင်းလေးတွေကို ချစ်သူတော်မယ်ဆိုရင် ဒီအချက်လေးတွေ သိထားသင့်ပါတယ်။

blank

လူတိုင်းမှာတော့ ကိုယ့်ဝါသနာ၊ ကိုယ့်အကြိုက်ကိုယ်စီနဲ့ ကိုယ်ရှိတတ်ကြပါတယ်။ အဲ့ဒီဝါသနာတွေထဲ  မှာ ချစ်စရာအကောင်းဆုံးကတော့ အစားအသောက်ဝါသနာပါပဲ။ အစားအသောက်ဝါသနာအိုးလေးတွေကို ဒီ နေ့ခေတ်ကြီးမှာ အစားတစ်လိုင်းလေးတွေလို့လည်း ချစ်စနိုးခေါ်ဝေါ်ကြပါတယ်။ လေ့လာတွေ့ရှိမှုတွေအရ အ စားတစ်လိုင်းတွေကို ချစ်သူတော်ခြင်းအားဖြင့် အောက်ပါအားသာချက်လေးတွေကိုလည်း ရရှိနိုင်တယ်လို့ ဆိုပါ တယ်။

အစားတစ်လိုင်းလေးတွေဟာ…

၁။ ဘဝထဲက အသေးအဖွဲလေးတွေကအစ အသိအမှတ်ပြုတတ်ကြတယ်။

ဗိုက်ဆာနေချိန်မှာ ကိုယ်အကြိုက်ဆုံးအစားအစာကို ထမင်းစားပွဲပေါ်မှာ ဗြုန်းခနဲတွေ့လိုက်ရတဲ့အချိန်၊ အရသာရှိလှတဲ့အစားအစာကို ပထမဆုံးတစ်ကိုက်ကိုက်စားလိုက်ရချိန်ဟာ အစားချစ်သူတွေအတွက်တော့ နတ်ပြည်ရောက်သွားသလို အခိုက်အတန့်လေးတွေပါပဲ။ အစားတစ်လိုင်းချစ်သူလေးဆီက အသိအမှတ်ပြုမှုကို ရဖို့ ကြီးမားတဲ့အရာတွေကိုပဲ ပြုလုပ်ပေးနေစရာမလိုပါဘူး။ အသေးအဖွဲလေးတွေနဲ့လည်း သူတို့ရဲ့အသိအမှတ် ပြုမှုကို ရယူနိုင်ပါတယ်။

၂။ အပေါ်ယံထက် အနှစ်သာရကို ပိုနားလည်ကြတယ်။

အမြင်မလှပေမဲ့ အတွင်းသားချိုတဲ့ တချို့မုန့်တွေအကြောင်း အစားချစ်သူတွေက ပိုသိကြပါတယ်။ ဒါ ကြောင့် သူတို့တွေဟာ အချစ်နဲ့ပတ်သက်ရင်လည်း အတွင်းစိတ်ထားလေးလှတာကို ပိုတန်ဖိုးထားကြပါတယ်။

၃။ သင်လိုအပ်ချိန်တိုင်း ဘေးမှာအမြဲရှိနေပေးနိုင်တယ်။

ပျော်ရွှင်ချိန်၊ ဝမ်းနည်းချိန်အလိုက် ဘယ်အစားအသောက်တွေနဲ့ ဖြတ်သန်းရမယ်ဆိုတာ သိကြတဲ့သူ တွေမို့ သင့်အောင်မြင်ချိန်၊ ကျရှုံးချိန်တိုင်းမှာလည်း အကောင်းဆုံးအဖော်ပြုပေးမယ့်သူတွေဆိုတာ သံသယဖြစ် စရာ မလိုပါဘူး။

၎။ စွန့်စားရတာကြိုက်ပြီး ဘဝကို သူတို့စားတဲ့အစားအစာတွေလို အရသာစုံလင်ချင်ကြတယ်။

အစားတစ်လိုင်းတွေဟာ ဖြစ်နိုင်ရင် ကမ္ဘာပေါ်မှာရှိသမျှ အစားအသောက်တွေကို မြည်းစမ်းဖူးချင်ကြသူ တွေပါ။ မတူညီတဲ့အစားအစာတွေ၊ အရသာအသစ်တွေကို ကြိုက်ကြတဲ့အတွက် အချစ်ရေးမှာလည်း ပျော်ရွှင်စ ရာ အသစ်လေးတွေဖန်တီးတတ်ကြပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၅။ တစ်ခါတရံမှာ အကောင်းဆုံးအရာတွေက အဆိုးဆုံးအရာတွေ ဖြစ်သွားတတ်တာကိုလည်း သိကြတယ်။

ကြိုက်တဲ့အစားအစာတွေကို စားနိုင်တာထက် ပိုစားမိလိုက်တဲ့အခါ ဗိုက်ထဲမအီမသာဖြစ်တာ၊ နောက် ရက်မှာ ဗိုက်မကောင်းတာမျိုးတွေ သူတို့ကြုံဖူးကြပါတယ်။ ဒါကြောင့် အချစ်ရေးမှာလည်း အဆိုးအကောင်းကို ချင့်ချိန်ဖို့ နားလည်ထားကြသူတွေဆိုရင် မမှားပါဘူး။

၆။ ဇွဲရှိကြတယ်။

သူတို့စားချင်လာတဲ့အစားအသောက်နဲ့ ပတ်သက်လာရင် နိုင်ငံရပ်ခြားအထိ ခရီးထွက်ဖို့ ဝန်မလေးကြ သူတွေဟာ အစားတစ်လိုင်းတွေပါပဲ။ အဲ့ဒီအရာတွေကပဲ သူတို့ကို ဘဝမှာလည်း လိုချင်တဲ့ပန်းတိုင်ရောက်ဖို့ ဇွဲ ရှိအောင် သင်ကြားပေးလိုက်ပါတယ်။ ပင်ပန်းမှုရဲ့အဆုံးသတ်မှာ ရရှိလိုက်တဲ့ အောင်မြင်မှုအရသာကို သူတို့ အသိဆုံးမို့ ဇွဲကို ဆုပ်ကိုင်ထားကြသူတွေလို့ ဆိုရမှာပါ။

၇။ အပေးအယူသဘောကိုလည်း နားလည်ကြတယ်။

အစားအသောက်ကြိုက်တဲ့သူတွေဟာ အစားကောင်းမက်ကြသလို အဝတ်အစားဝတ်တော့လည်း လှ လှပပဖြစ်ချင်ကြပါတယ်။ “စားရင်တော့ဝမှာပဲ” ဆိုတာ သိတဲ့အတွက် အပေးအယူသဘောကို နားလည်ပြီးသား ဖြစ်တယ်လို့ ဆိုရမှာပါ။

၈။ ဘယ်လိုခံစားနေရချိန်မှာ ဘယ်အစားအစာကို စားရမလဲဆိုတာ သူတို့သိကြတယ်။

နှစ်ပေါင်းများစွာစားလာတဲ့အတွေ့အကြုံတွေဟာ သူတို့အတွက်တော့ ဗဟုသုတကောင်းတွေ ဖြစ်လာ ကြပါတယ်။ ပျော်ရွှင်နေချိန်မှာ ဘာစားရမလဲ၊ စိတ်ညစ်နေချိန်မှာ ဘာစားရမလဲဆိုတာ သိကြတဲ့အတွက် သူတို့ ဘဝကို နေပျော်အောင် ဖန်တီးထားနိုင်ကြသူတွေပါ။

၉။ ဘဝက သံပရာသီးပေးတဲ့အခါ သံပရာရည်ဖျော်သောက်တတ်ကြတယ်။

အစားတစ်လိုင်းတွေဟာ သူတို့ရဲ့ချက်ပြုတ်စားသောက်လာမှုအတွေ့အကြုံတွေအရ ဘဝဆိုတာ အ တက်အကျတွေနဲ့ ပြည့်နေတယ်ဆိုတာ သိကြပါတယ်။ အမှားတွေဆီက ဘယ်လိုသင်ယူရမလဲဆိုတာ သိတာ ကတော့ သူတို့ဘဝမှာ ကြုံလာသမျှ အနိမ့်အမြင့်အတက်အကျတွေကို ကောင်းကောင်းကိုင်တွယ်ဖြေရှင်းနိုင်စေတဲ့ အချက်ပါပဲ။

၁ဝ။ စွဲစွဲမြဲမြဲချစ်တတ်ကြတယ်။

အစားတစ်လိုင်းတွေဟာ ပူတဲ့အစားအစာတွေကြောင့် နာကျင်ရတာပဲဖြစ်ဖြစ်၊ သူတို့မျှော်လင့်မထားတဲ့ အခြေအနေကြောင့် စိတ်ပျက်ရချိန်ဖြစ်ဖြစ်၊ သူတို့လိုချင်တာမရလို့ ဝမ်းနည်းရတာဖြစ်ဖြစ် အစားအသောက်ကို တော့ လုံးဝလက်မလျှော့ဘဲ ချစ်တတ်ကြသူတွေပါ။ ဒါဟာ အချစ်ရေးခိုင်မြဲဖို့အတွက် အကောင်းဆုံးအချက်ပါ ပဲ။

သင့်သူငယ်ချင်း အစားတစ်လိုင်းလေးတွေကို mention ခေါ်ပြီး ဒီစာစောင်လေးကို မျှဝေပေးလိုက်ပါဦးနော်။