နာကျင်ပါတယ်လို့ လူတွေသတ်မှတ်ကြတဲ့ အချစ်ဆိုတာ…….

လူတော်တော်များများက အချစ်ကို ကြောက်ရွံ့ကြတယ်။ ဘာလို့လဲဆိုတော့ နာကျင်မှုတွေပေးလို့တဲ့။ တကယ်တမ်းတော့ အချစ်ဟာ နာကျင်မှုတွေ မပေးပါဘူး။ လေ့လာချက်တွေအရ အချစ်ကို စတင်တွေ့ရှိခြင်းဆိုတာ နှလုံးသားတစ်ခုလုံးနဲ့ မှန်ကန်စွာချစ်ပေးနိုင်မယ့်သူကို လက်ခံလိုက်ခြင်းပါပဲ။

အချစ်စစ်ကို တွေ့ရှိသွားတဲ့အခါ အနားမှာ ဝဲပျံနေကြတဲ့ရောင်စုံလိပ်ပြာလေးတွေကို ဖမ်းလိုက်ရသလိုပါပဲ။

အချစ်နဲ့အတူရှိနေချိန်မှာ နူးညံ့တဲ့အပြုံးတွေနဲ့ အူလှိုက်သည်းလှိုက်ကို ရယ်မောလာစေတယ်။

အချစ်နဲ့တွေ့ရချိန်ဟာ အမှောင်ယံညမှာ ကြယ်လေးတွေကို ငေးကြည့်နေရသလိုမျိုး၊ စွန့်စွန့်စားစား ခရီးတွေထွက်နေရသလိုမျိုး၊ ပန်းပေါင်းစုံစိုက်ပျိုးထားတဲ့ဥယျာဉ်ကြီးထဲမှာ လမ်းလျှောက်နေရသလိုမျိုး၊ တောက်ပတဲ့နေရောင်အောက်မှာ အားကုန်ပွေ့ဖက်နေရသလိုမျိုး ခံစားရတယ်။

ချိုသာခြင်း၊ နူးညံ့ခြင်း၊ ကောင်းမွန်ခြင်းတွေပဲ ခံစားရတယ်။

တစ်နေ့လုံးအားကုန်ပြေးပြီး မောပန်းဆာလောင်နေချိန်မှာ ညစာကို အဝထိုင်စားလိုက်ရသလိုမျိုး ခံစားရတယ်။

သင့်ကို ဂုဏ်ပြုပေးဖို့ ပါတီပွဲအကြီးကြီးတွေရော၊ ပွဲအသေးလေးတွေပါ ရောက်လာသလိုမျိုး ခံစားရတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဘဝရဲ့ထိုးနှက်မှုတွေ ခံရချိန်မှာတောင် အပြုံးပန်းဆင်စေပြီး သင့်ကို အချစ်ဆိုတဲ့အရာက ယုံကြည်နေသေးကြောင်း ခံစားရတယ်။

အချစ်က သင့်ကိုယ်သင် အကောင်းဆုံးပုံစံဖြစ်အောင် တွန်းအားပေးတယ်။ သင့်ကိုယ်သင် မယုံကြည်ရင်တောင် အချစ်က သင့်ကို ယုံကြည်ပေးတယ်။

နှစ်စဉ်၊ လစဉ်၊ အပတ်စဉ်၊ နေ့စဉ်နဲ့မလပ် သင်နဲ့အတူ အချစ်ကရှင်သန်ကြီးထွားနေတယ်။

အချစ်ကို သင် လုံးဝလက်ခံလိုက်ချိန်ကစပြီး အချစ်က သင့်ကို မနာကျင်စေတော့ဘူး၊ ခက်ခဲကြမ်းတမ်းမှုတွေ မပေးတော့ဘူး၊ ချူပ်ကိုင်မထားတော့ဘူး၊ အထီးကျန်ချိန်တွေမှာတောင် ဘေးကနေ အဖော်သဟဲပြုပေးတယ်။

အချစ်ရဲ့သဘောသဘာဝကို နားလည်သွားတဲ့အခါ ဘဝလမ်းကြောင်းမှာ သင်တစ်ယောက်တည်း လျှောက်လှမ်းရတော့မှာ မဟုတ်ပါဘူး။

သင်ကော အချစ်စစ်နဲ့ တွေ့နေပြီလား။ ခံစားရတဲ့အတွေ့အကြုံလေးတွေကို ပြောပြခဲ့ဦးနော်။