ယောက်ျားလေးတွေ ချစ်သူကိုချစ်ရက်နဲ့ စွန့်လွှတ်တတ်ကြတဲ့ အကြောင်းအရင်း

blank

အချစ်တစ်ခုတွေ့ရှိခြင်းက ကိုယ့်ကမ္ဘာကြီးတစ်ခုလုံးကို ဇောက်ထိုးမိုးမျှော်ဖြစ်သွားစေနိုင်သလို အသည်းကွဲခြင်းဆိုတာဟာလည်း ကိုယ့်ဘဝတစ်ခုလုံးကို ကျွမ်းထိုးမှောက်ခုံဖြစ်သွားစေနိုင်ပါတယ်။ ချစ်သူကို ချစ်ရက်နဲ့ စွန့်လွှတ်ဖို့ ယောက်ျားလေးတွေ ဘာကြောင့် ကြိုးစားတတ်ကြတာလဲဆိုတဲ့ အကြောင်းရင်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ နာကျင်မှုကို ရှောင်ရှားချင်လို့

လူတွေဟာ သာယာမှုကိုသာ ရှာဖွေတတ်ကြပြီး နာကျင်မှုကိုတော့ တတ်နိုင်သမျှ ရှောင်ရှားချင်တတ်ကြပါတယ်။ Relationship တစ်ခုဟာ သူ့ကိုနာကျင်စေတယ်ဆိုရင် ယောက်ျားလေးတွေဟာ ထွက်ခွာသွားဖို့ပဲ ကြိုးစားတတ်ကြပါတယ်။

၂။ အနာဂတ်ဟာ မရေရာမသေချာလို့

Relationship တစ်ခုကို တည်ဆောက်နိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ခက်ခက်ခဲခဲ ရုန်းကန်လာရပြီးတာတောင်မှ နှစ်ဦးသားရဲ့ အနာဂတ်ဟာ မရေရာမသေချာဖြစ်နေတဲ့အခါမှာ ယောက်ျားလေးတွေဟာ လွယ်လွယ်ကူကူပဲ လက်လျှော့ဖို့ စဉ်းစားမိတတ်ကြပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ ချစ်သူက ကိုယ့်ထက် အောင်မြင်နေလို့

ဖလော်ရီဒါတက္ကသိုလ်ရဲ့ လေ့လာတွေ့ရှိချက်အရ ချစ်သူက ကိုယ့်ထက် အောင်မြင်နေတဲ့အခါမှာ အမျိုးသားတွေဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနိမ့်ပါးတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်လာရတယ်လို့ ဆိုပါတယ်။ ချစ်သူက ကိုယ့်ထက်အောင်မြင်လို့ လမ်းခွဲချင်တယ်ဆိုတာဟာ ချစ်သူအပေါ်မှာ မနာလိုမရှုဆိတ်လို့မဟုတ်ဘဲ ကိုယ် အခုထိ မအောင်မြင်သေးပါလားဆိုတာကို အာရုံစိုက်မိစေလို့ပါ။

၎။ နေရာတကာမှာ ချုပ်ချယ်ခံနေရလို့

လူတွေအားလုံးကတော့ လွတ်လပ်ချင်ကြတာပါပဲ။ ဒါပေမဲ့ အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုပြီးတော့ လွတ်လွတ်လပ်လပ်နေထိုင်ချင်ကြပါတယ်။ ယောက်ျားလေးတွေဟာ ကိုယ်လုပ်နေကျအရာတွေ မလုပ်ရတော့မှာ၊ သူငယ်ချင်းတွေကို ဆုံးရှုံးလိုက်ရမှာ၊ အရမ်းချုပ်ချယ်ခံရမှာကို အရမ်းကြောက်တတ်ကြပါတယ်။ ဒီအခါမှာ လမ်းခွဲခြင်းကသာ အကောင်းဆုံးအရာလို့ သတ်မှတ်လိုက်ပါတော့တယ်။

စာချစ်သူတို့ကော ချစ်ရက်နဲ့ စွန့်လွှတ်တတ်ကြတာ ဘာကြောင့်လို့ထင်လဲ…..