သာပေါင်းညာစား သူငယ်ချင်းတစ်ယောက်ရဲ့လက္ခဏာရပ်များ

blank

“သင့်မျက်ရည်တွေကို နားလည်တဲ့သူငယ်ချင်းတစ်ယောက်ဟာ သင့်အပြုံးတစ်ခုတည်းကိုပဲသိတဲ့ အ ပေါ်ယံသူငယ်ချင်းတွေအများကြီးထက် ပိုတန်ဖိုးရှိပါတယ်” ဆိုတဲ့စကားလေးရှိပါတယ်။

လူဆိုတာ လူမှုအသိုင်းအဝိုင်းနဲ့ရှင်သန်နေကြရတာမို့ သူငယ်ချင်းတွေလည်း ရှိကြပါတယ်။ တချို့သူ ငယ်ချင်းတွေဟာ အပေါ်ယံကြည့်လိုက်ရင် သူငယ်ချင်းကောင်းလို့ ထင်စရာရှိပေမဲ့ တကယ့်လက်တွေ့မှာတော့ ကိုယ်ကောင်းစားနေချိန်မှ ပေါင်းချင်ကြသူတွေပါ။ သူတို့တွေကို သာပေါင်းညာစားသူငယ်ချင်းတွေလို့ ခေါ်ပါ တယ်။ သူတို့တွေဟာ…

  • သူတို့လိုချင်တာရှိမှ သင့်ဆီလာတတ်ပြီး သင်လိုအပ်ရင်တော့ သူတို့ကို မနည်းခေါ်ရပါတယ်။
  • သင်အခက်အခဲတွေတွေ့နေရင် ပျောက်နေတတ်ပြီး သင်အဆင်ပြေမှ ပြန်ပေါ်လာတတ်ပါတယ်။
  • လိုအပ်လို့ကြည့်လိုက်ချိန်တိုင်း သင့်နောက်မှာ ဘယ်တော့မှ မရှိပါဘူး။ သူတို့တွေဟာ လူတိုင်းရဲ့ ခင်မင်မှုကို ရချင်ပြီး အမုန်းခံရမှာကြောက်ကြတာမို့ သင်လိုအပ်လာရင်လည်း သင့်ဘေး ရပ်တည်ပေး မယ့်သူတွေမဟုတ်ပါဘူး။
  • သူတို့ပေးတဲ့အကြံဉာဏ်တွေဆိုတာ အပေါ်ယံတွေပါပဲ။ ဘာကြောင့်လဲဆိုတော့ သင့်အတွက် အကောင်းဆုံးဖြစ်မယ့် အကြံဉာဏ်ကို အချိန်ယူမစဉ်းစားပေးကြလို့ပါ။
  • သူတို့အတွက် အကျိုးရှိစေမယ့်ကိစ္စကိုပဲ သူတို့စိတ်ဝင်စားကြပါတယ်။
  • သင့်ကို ကူညီဖို့ အားမထုတ်ပေမဲ့ သင့်ပြဿနာကိုတော့ သူတို့ စိတ်ဝင်စားကြပါတယ်။ တခြားသူတွေနဲ့ စကားပြောဖို့ သင့်အကြောင်းက ခေါင်းစဉ်အသစ်ဖြစ်စေလို့ပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ဘယ်တော့မှအကူအညီမရတဲ့အပြင် လျှို့ဝှက်ချက်တွေပါ မပေါက်ကြားအောင် ထိန်းနေရတဲ့ အဲ့ဒီလို သူငယ်ချင်းမျိုးရှိနေရင်တော့ ခပ်ခွာခွာပေါင်းသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင့်ရဲ့ခင်မင်မှု၊ ဂရုစိုက်မှု တွေ၊ အချိန်တွေပေးဖို့ မထိုက်တန်လို့ ဖြစ်ပါတယ်။ အကယ်၍ အထက်ပါလက္ခဏာရပ်တွေထဲကတချို့ သင့်မှာ ရှိနေတယ်ဆိုရင်တော့ သင့်အပြစ်အနာအဆာတွေကို နားလည်လက်ခံပေးနိုင်တဲ့ သူငယ်ချင်းလေးတွေဟာသင့် အပြုံးကိုပဲသိတဲ့သူငယ်ချင်းတွေအများကြီးထက် ပိုတန်ဖိုးရှိတယ်ဆိုတာ နားလည်ခံစားမိမှာပါ။ သူတို့အတွက် ပို မိုကောင်းမွန်တဲ့သူငယ်ချင်းဖြစ်အောင် ကြိုးစားလိုက်ပါနော်။

သင်ကော သူငယ်ချင်းတွေနဲ့ပတ်သက်ရင် ကံကောင်းသူလား။