ကိုကြီးတွေကို လက်ထပ်ပါ ညီမလေး…

blank
၁။ ကိုကြီးတွေဟာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တယ်။

နိစ္စဓူဝနေထိုင်စားသောက်ရေးအားလုံးကို ဘယ်သူ့ဆီကမှ ချေးငှားနေစရာမလိုဘဲ ကိုယ့်ဘာသာ ဖြေရှင်းနိုင်တယ်။ ညီမလေးနဲ့ နှစ်ယောက်အတူ စားသောက်သမျှကိုလည်း ကိုကြီးက ရှင်းပေးနိုင်တယ်။ ဒါပေမဲ့ ညီမလေးဘက်က ဆယ်ခါတစ်ခါတော့ ပြန်ရှင်းဖို့တော့ လိုတာပေါ့နော်။ ခုက ၁၉၅ဝ ခုနှစ်မှ မဟုတ်တာ။

၂။ ကိုကြီးတွေဟာ ညီမလေးတွေကို အပြည့်အဝနားလည်ပေးတတ်တယ်။

ကမ္ဘာပေါ်ကလူတွေအားလုံးဟာ သူလိုကိုယ်လိုတန်းတူအခွင့်အရေးရထားတာမဟုတ်ဘူးဆိုတာကို ကိုကြီးတွေက နားလည်တယ်။ ဒါကြောင့် အကူအညီလိုအပ်နေသူကို အကူအညီပေးဖို့လည်း ဝန်လေးနေမှာမဟုတ်ပါဘူး။ ညီမလေးတွေကို အပြည့်အဝနားလည်ပေးနိုင်မယ့်သူဟာ စိတ်စေတနာကောင်းတဲ့ ကိုကြီးပါဆိုတာကတော့ သံသယဖြစ်စရာကို မလိုတဲ့အရာပါ။

၃။ ကိုကြီးတွေဟာ အထာနပ်တယ်။

ညီမလေးစိတ်ကောက်နေတဲ့အခါမှာ ညီမလေးအကြိုက် ပန်းစည်းတွေနဲ့ ချော့မယ့်သူဟာ ကိုကြီးပါ။ ညီမလေး စိတ်ညစ်နေတဲ့အခါ အစားအသောက်တွေ ချက်ကျွေးပြီး စိတ်ပြေစေမယ့်သူဟာလည်း ကိုကြီးပဲပေါ့။ ပြီးတော့ ညီမလေး အခက်အခဲကြုံတွေ့နေရချိန်မှာ ကူညီဖြေရှင်းပေးမယ့်သူဟာလည်း ကိုကြီးပါပဲ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ ကိုကြီးတွေဟာ တည်ငြိမ်အေးဆေးတယ်။

ကိုကြီးတွေဟာ ပြဿနာတွေကို ဘယ်လိုရှင်းရမလဲ ဆိုတာကိုသိနေပြီ။ အတွေ့အကြုံအရ တည်တည်ငြိမ်ငြိမ်လည်း ရှင်းတတ်နေပြီ။ ဘယ်လိုပဲဖြစ်ဖြစ်  ကိုကြီးတွေက မောင်လေးတွေထက် တည်ငြိမ်အေးဆေးတာအမှန်ပါပဲ။

၅။ ကိုကြီးတွေဟာ ကိုယ့်အသက်အရွယ်အကြောင်း နားလည်သဘောပေါက်တယ်။

ကိုကြီးအရွယ်ရောက်တဲ့အချိန်မှာ ငယ်ရွယ်စဉ်ကလျစ်လျူရှုခဲ့ဖူးတဲ့ ဘဏ်အကောင့်တွေရဲ့ အရေးပါပုံကို နားလည်သိရှိလာပြီ။ အချိန်ရဲ့ အဖိုးတန်ပုံကိုလည်း သိရှိလာပြီမို့လို့ ကိုယ်ဖြစ်ချင်တဲ့အရာတွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားတတ်လာပြီ။ ဒါကြောင့် အရေးမပါတဲ့အကြောင်းအရာတွေပြောဆိုပြီး ညီမလေးကို စိတ်ဆင်းရဲအောင်လုပ်တာမျိုး ကိုကြီးမလုပ်၊ လုပ်ရင်လည်း ကိုကြီးမဟုတ်ပါဘူးနော်။

ညီမလေးတို့ရဲ့ ကိုကြီးကိုလည်း မန်းရှင်းခေါ်ခဲ့ပါဦးနော်။