ဘယ်လိုလူကို ကိုယ့်အချစ်တွေအားလုံး ပေးအပ်သင့်လဲ။

ကိုယ့်အားနည်းချက်တွေအားလုံးကို တွေ့ပြီးသွားတာတောင်မှ ကိုယ့်အပေါ် လုံးဝလက်မလျှော့လိုက်တတ်တဲ့သူဟာ ကိုယ့်ဘဝအတွက် အကောင်းဆုံးလူပါ။ သူဟာ ကိုယ့်ပုံစံအမှန်ကို လက်ခံပေးနိုင်သလို ကိုယ့်ရဲ့ အားနည်းချက်တွေ၊ အပြစ်အနာအဆာတွေ၊ မပြည့်စုံမှုတွေအပေါ်မှာ ဝေဖန်အကဲဖြတ်မှုတွေ မလုပ်မယ့်သူလည်း ဖြစ်ပါတယ်။ ဘာတွေပဲဖြစ်လာလာ ကိုယ့်ရဲ့ ဘေးမှာနေပြီး အကောင်းဆုံးတိုက်ခိုက်ပေးသွားမယ်ဆိုတဲ့သူဟာ ကိုယ့်ဘဝအတွက် အကောင်းဆုံးသူပါပဲ။

ကိုယ့်အပေါ်မှာ နားလည်ပေးနိုင်ဖို့ အမြဲတမ်းကြိုးစားနေတဲ့သူကို မြတ်နိုးပါ။ ကိုယ်ဒုက္ခရောက်နေတဲ့အချိန်၊ စိတ်အားငယ်နေတဲ့အချိန်၊ အထီးကျန်နေတဲ့အချိန်မှာ သန်းခေါင်ယံဖြစ်နေရင်တောင်မှ ဖုန်းဖြေမယ့်သူမျိုးပေါ့။ သူ့အပြုံးလေးတစ်ပွင့်ကတောင် ကိုယ့်ကို စိတ်အေးချမ်းစေပြီး လုံခြုံသွားစေသလိုပဲလေ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကိုယ်အထီးကျန်ပြီး စိတ်အားငယ်နေတဲ့အချိန်မှာ ကိုယ်နဲ့ အတူရှိနေပေးနိုင်ဖို့ နည်းလမ်းရှာတတ်တဲ့သူမျိုးကို အလေးထားပါ။ ကိုယ့်ကို အထီးမကျန်စေရဘူးလို့ ကတိပေးတဲ့သူကို တန်ဖိုးထားပါ။ ကိုယ် အကူအညီလိုအပ်နေတဲ့အချိန်မှာ ကူညီပေးတတ်တဲ့သူတွေကို ဘယ်တော့မှ မမေ့လိုက်သင့်ပါဘူး။

ဘာလို့လဲဆိုတော့ သူ့ကြောင့်သာမဟုတ်ရင် ကိုယ့်ဘဝကြီးဟာ ဒီ့ထက်ခက်ခဲနိုင်တယ်လေ။ သူ့ကြောင့်သာမဟုတ်ရင် အဆုံးမရှိတဲ့ချစ်ခြင်းဆိုတာလည်း ဘာမှန်း ကျွန်မတို့ သိမှာမဟုတ်ဘူး။ သူ့ကြောင့်သာမဟုတ်ရင် ဘဝမှာ ယုံနိုင်ဖွယ်ရာမရှိတဲ့ အတွေ့အကြုံတွေလည်း ပိုင်ဆိုင်နိုင်ခဲ့မှာ မဟုတ်ဘူးလေ။

စာချစ်သူတို့ရဲ့ဘဝမှာ ဒီလိုလူမျိုး ပိုင်ဆိုင်ထားပြီးပြီဆိုရင် mention ခေါ်ပြီး ကျေးဇူးတင်ကြောင်းပြောလိုက်ပါဦးနော်။