အိမ်ထောင်သက်ကြာလာတဲ့အခါ…..

blank

စာချစ်သူတို့ရေ……..

အိမ်ထောင်တစ်ခု ထူထောင်ပြီဆိုတာနဲ့ အခက်အခဲအကြပ်အတည်းတွေဆိုတာ ကြုံလာရစမြဲပါ။ တချို့ဇနီးမောင်နှံတွေဆိုရင် လက်ထပ်ပြီး ၂ နှစ်၊ ၃ နှစ်လောက်နဲ့  အိမ်ထောင်ကွဲသွားကြသလို တချို့ဇနီးမောင်နှံတွေကတော့ နှစ်တွေအကြာကြီး ပျော်ရွှင်စွာပေါင်းသင်းသွားကြပါတယ်။ ဒါဟာ ကံတရားနဲ့ပဲ လုံးလုံးလျားလျား သက်ဆိုင်နေတာမဟုတ်ပါဘူး။ ပျော်ရွှင်တဲ့ဇနီးမောင်နှံတွေရဲ့ လျှို့ဝှက်ချက်ကတော့ မိသားစုဘဝရဲ့ပြဿနာရပ်တွေကို အတူတူကိုင်တွယ်ဖြေရှင်းလို့ရတယ်ဆိုတာ နားလည်ထားကြတယ်။ ဒါကြောင့် အိမ်ထောင်ပြုပြီးသွားတဲ့အခါ တွေ့ကြုံရတတ်တဲ့ ပြဿနာတွေနဲ့ ဖြေရှင်းနည်းလေးတွေကို ဂန္ထဝင်စာချစ်သူတို့အတွက် စုစည်းဖော်ပြပေးလိုက်ပါတယ်ရှင်။

၁။ ကိုယ်အလေးချိန်တိုးလာတာ….။

ဒီပြဿနာကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းကတော့ အိမ်ထောင်ဖက်နဲ့အတူတူ စက်ဘီးစီးတာ၊ တောင်တက်တာ၊ ညနေခင်းဘက်တွေမှာ လမ်းလျှောက်တာ စတာတွေလုပ်သင့်ပါတယ်။

၂။ ကလေးရပြီးတဲ့နောက်မှာ ငွေကြေးကြပ်တည်းလာတာ…။

ဒီပြဿနာကိုဖြေရှင်းဖို့ မိသားစုစီမံကိန်းကို စနစ်တကျချမှတ်ထားပါ။  မလိုအပ်တဲ့အသုံးစရိတ်တွေကို လျှော့ချပစ်ပါ။

၎။ ငွေကြေးသုံးစွဲမှု မတူညီတာ…။

အိမ်ထောင်ရှင်တွေအနေနဲ့ ဒီပြဿနာကိုဖြေရှင်းဖို့ ငွေကြေးကိစ္စတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြပါလို့ ငွေကြေးကျွမ်းကျင်သူတွေက အကြံပေးထားကြပါတယ်။

၅။ အိမ်ထောင်ဖက်ရဲ့ အကျင့်ဆိုးလေးတွေကို စိတ်ညစ်ညူးလာတာ….။

ဒီပြဿနာကိုဖြေရှင်းဖို့အတွက် လူတိုင်းမှာ အကျင့်ဆိုးလေးတွေ ရှိတယ်ဆိုတာကို နားလည်ပေးပါ။ အပြုသဘောနဲ့ ထောက်ပြပေးပါ။

၆။ အမှတ်တရနေ့တွေအကြောင်း မှတ်မှတ်ထင်ထင်မရှိတတ်တာ…။

ဒီပြဿနာကိုဖြေရှင်းဖို့ အတွက် မိသားစုဘဝရဲ့ အရေးကြီးနေ့တွေနဲ့ ပွဲတွေအကြောင်း အပြန်အလှန် သတိပေးပါ။ ဒီလိုသတိပေးခြင်းဟာ သင့်အတွက်လည်း စိတ်ပျက်စရာတွေ ကြုံရမှာမဟုတ်သလို၊ သင့်ခင်ပွန်းသည်ကလည်း သူ့ပျက်ကွက်မှုအတွက် ရှက်နေရမှာမဟုတ်ပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၇။ ချစ်သူဘဝကလို ရိုမန်းတစ်ဆန်တဲ့အချိန်တွေ အရမ်းနည်းလာပြီး ပျင်းရိငြီးငွေ့လာတာ….။

ဒီပြဿနာအတွက် ရိုမန်းတစ်ဆန်တဲ့အခိုက်အတန့်တွေ ပြန်လည်ဖန်တီးကြဖို့ ခင်ပွန်းသည်နဲ့ ပြန်လည်ဆွေးနွေးပါ။ ရိုမန်းတစ်ဆန်ဆန်တွေ့ဆုံဖို့၊ ရုပ်ရှင်တွေသွားကြည့်ဖို့ စီစဉ်တာဟာ ခင်ပွန်းသည်နဲ့ဆက်ဆံရေးကို ပိုကောင်းမွန်လာအောင် ထိန်းသိမ်းနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

၈။  ငြီးငွေ့လာတာ….။

ဒီပြဿနာအတွက် အိမ်ထောင်ဖက်နှစ်ဦးလုံးမှာ ဝါသနာကိုယ်စီရှိသင့်ပါတယ်။ အားလပ်ရက်တွေမှာ ဝါသနာပါတာတွေကို အချိန်ပေးလိုက်ခြင်းဖြင့် ကိုယ်ပိုင်အချိန်တွေရရှိလာပြီး နှစ်ယောက်သားဆက်ဆံရေးကလည်း ဆက်လက်ခိုင်မြဲနေပါမယ်။

၉။ သူငယ်ချင်းတွေနဲ့ပတ်သက်ပြီး ကတောက်ကဆလေးတွေ ရှိလာတယ်။

ဒီပြဿနာကို ဖြေရှင်းဖို့အတွက် လက်တွဲဖော်ရဲ့ သူငယ်ချင်းတွေအပေါ် ဝေဖန်တတ်တဲ့အကျင့်ကိုပြင်ပါ။ သူတို့နဲ့ခင်မင်ရင်းနှီးလာအောင် ကြိုးစားပါ။

၁ဝ။ အိမ်မှုကိစ္စတွေနဲ့ပတ်သက်ပြီး မခွဲဝေတတ်တဲ့ပြဿနာတွေ ကြုံလာရတယ်။

ဒီပြဿနာအတွက် လက်မထပ်ခင်ကတည်းက အိမ်မှုကိစ္စတွေကို ခွဲဝေလုပ်ကြမယ်ဆိုတဲ့အကြောင်း ဆွေးနွေးထားပါ။ ပန်းကန်ဆေးတာ၊ ချက်ပြုတ်တာ၊ မုန့်လုပ်တာတွေကအစ အိမ်မှုကိစ္စတွေကို ဖြေရှင်းနိုင်ဖို့ အကောင်းဆုံးကြိုးစားပါ။ အိမ်ထောင်အသုံးစရိတ်တွေကိုလည်း စနစ်တကျခွဲဝေသုံးပါ။

၁၁။ အသေးအဖွဲလေးတွေကစပြီး ခင်ပွန်းသည်နဲ့ ငြင်းခုန်လာကြတယ်။

ဒီပြဿနာအတွက် ခင်ပွန်းသည်ကို ပြောင်းလဲဖို့ မကြိုးစားပါနဲ့။ သူ့ရဲ့အမြင်ကို နားထောင်ပေးပါ။ သူ့ခံစားချက်တွေအပေါ် သည်းခံပြီး လေးစားခြင်းဟာ အိမ်ထောင်ရေးပြဿနာတွေကို ဝေးစေပါလိမ့်မယ်။

၁၂။ ခင်ပွန်းသည်ဟာ အခြားမိန်းကလေးတွေနဲ့ ရောလာတယ်။

ဒီပြဿနာအတွက် မကျေနပ်တဲ့အကြောင်း ခင်ပွန်းသည်ကို ပြောပါ။ နှုတ်ဆိတ်မနေပါနဲ့။ ဒါပေမဲ့ ခင်ပွန်းသည်ဘက်က ဘာအတွေးတွေမှမရှိဘဲနဲ့ သင့်ဘက်က သံသယဝင်နေတာလည်း ဖြစ်နိုင်ပါတယ်။

စာချစ်သူတို့ရဲ့အိမ်ထောင်ရေးမှာကော ဒီလိုပြဿနာတွေ ကြုံဖူးပါသလား။ ဘယ်လိုကိုင်တွယ်ဖြေရှင်းလဲပြောခဲ့ဦးနော်။