ချစ်သူက ကိုယ့်ဖုန်းမက်ဆေ့ခ်ျတွေကို ဝင်ဝင်စစ်နေပြီဆိုရင်…

ချစ်သူရဲ့ ဖုန်းမက်ဆေ့ခ်ျတွေကို စစ်ရတာဟာ စွဲလန်းစရာကောင်းပါတယ်။ အထူးသဖြင့် သူမသိအောင် ခိုးစစ်ရတာမျိုးဆိုရင်ပေါ့။ စစ်တမ်းကောက်ယူချက်တွေအရ အမျိုးသမီး ၃၄ ရာခိုင်နှုန်းနဲ့ အမျိုးသား ၆၂ ရာခိုင်နှုန်းဟာ သူတို့ချစ်သူရဲ့ ဖုန်းကို မကြာခဏ စစ်လေ့ရှိပါတယ်တဲ့။ ဒါပေမဲ့ ဒီလိုစစ်ရခြင်းရဲ့ ရည်ရွယ်ချက်ဟာလည်း သဝန်တိုတာတစ်ခုတည်းကြောင့်တော့ မဟုတ်ဘူးလို့ သိပ္ပံပညာတွေ့ရှိချက်တွေက ဆိုပါတယ်။ တကယ်လို့  သင့်ချစ်သူဟာ သင့်ဖုန်းထဲက မက်ဆေ့ခ်ျတွေ၊ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို လိုက်လံစစ်ဆေးနေပြီဆိုရင် သူ့မှာ ဒီလိုစိတ်ပိုင်းဆိုင်ရာပြဿနာလေးတွေရှိနေနိုင်ပါတယ်တဲ့။

၁။ သူ့ကိုယ်သူ သင်နဲ့ ထိုက်တန်သူတစ်ယောက်မဟုတ်ဘူးလို့ ထင်နေမိလို့

၂။ သင်တို့နှစ်ယောက်ရဲ့ relationship အပေါ်မှာ စိတ်ကျေနပ်မှုမရှိလို့

၃။ သင် သူ့အပေါ် သစ္စာဖောက်နေပြီလို့ တွေးနေလို့

၎။ ပြီးခဲ့တဲ့ relationship မှာတုန်းက သူ့ချစ်သူက ခြံခုန်သွားလို့

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၅။ သာယာတဲ့ relationship တစ်ခုကို တည်ဆောက်နိုင်စွမ်းမရှိလို့

၆။ သင့်အပေါ်မှာ ဖုံးကွယ်ထားတာ တစ်ခုခုရှိလို့

၇။ သင့်ဂရုစိုက်မှုကို လိုချင်လို့

၈။ သင်နဲ့ အတည်တကျ relationship တစ်ခု တည်ဆောက်ဖို့ အဆင်သင့်မဖြစ်သေးလို့

စာချစ်သူတို့မှာကော ကိုယ့်ဖုန်းကို တစ်ချိန်လုံးလိုက် check နေတဲ့ချစ်သူလေးတွေ ရှိလား…