ထက်မြက်တဲ့သားသမီးတွေကို ပိုင်ဆိုင်ထားတဲ့ မေမေတို့ဂုဏ်ယူလိုက်ပါ

blank

မေမေတို့ရေ…..

ကလေးတွေရဲ့အောင်မြင်မှုအတွက် မိခင်အပေါ်မှာ မူတည်တဲ့အကြောင်းရင်းများစွာ ရှိပါတယ်။ အမျိုးသမီးအများစုကတော့ သားသမီးတွေထက်မြက်ဖို့ ထက်မြက်တဲ့လက်တွဲဖော်ကို လိုချင်ကြလိမ့်မယ်။ ဒါပေမဲ့ လေ့လာမှုအရ ထက်မြက်တဲ့လက်တွဲဖော်ကို ပိုင်ဆိုင်ထားတိုင်း ထက်မြက်တဲ့သားသမီးရလာမယ်ဆိုတာ အမြဲတမ်းမမှန်ပါဘူး။ ထက်မြက်တဲ့ကလေးတွေဟာ ထက်မြက်တဲ့မိခင်တွေဆီက ဖြစ်တည်လာတာပါ။

သာမန်အားဖြင့် ကလေးတွေဟာ မိဘနှစ်ပါးလုံးဆီကနေ ထက်မြက်မှုကို အမွေရလေ့ရှိပါတယ်။ ဒါပေမဲ့ မိခင်(သို့)ဖခင်ပေါ်မှာ မူတည်ပြီး သေချာတဲ့မျိုးရိုးဗီဇတွေက ကွဲပြားသွားကြတယ်လို့ လေ့လာမှုတွေက တင်ပြထားပါတယ်။ ထက်မြက်မယ့်မျိုးရိုးဗီဇဟာ X ခရိုမိုဆုန်းထဲမှာပဲ တည်ရှိပါတယ်။ အမျိုးသမီးတွေဟာ X ခရိုမိုဆုန်း ၂ ခု သယ်ဆောင်ပြီး အမျိုးသားတွေကတော့ တစ်ခုပဲသယ်ဆောင်ပါတယ်။ ဒါကြောင့် ကလေးတွေဟာ များသောအားဖြင့် မိခင်တွေဆီကနေ ထက်မြက်မှုကို အမွေရကြပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဘာကြောင့် ထက်မြက်တဲ့မိခင်တွေက ထက်မြက်တဲ့ကလေးတွေ မွေးဖွားရလဲဆိုတဲ့ နည်းလမ်းကျတဲ့ဖြေရှင်းချက်တစ်ခုကတော့ မိခင်တွေဟာ ကလေးမွေးဖွားပြီးကတည်းက ကလေးတွေကို ပထမဆုံးစောင့်ရှောက်သူတွေ ဖြစ်ပါတယ်။ ကလေးရဲ့ဉာဏ်ရည်ဖွံ့ဖြိုးဆဲကာလမှာ ကလေးတွေရဲ့အနီးအနားကနေ ကလေးတွေကိုပုံဖော်ပေးသူတွေလည်း ဖြစ်ကြပါတယ်။

ဒါပေမဲ့ ဖခင်တွေကိုလည်း ချန်လှပ်ထားလို့မရပါဘူး။ ထက်မြက်မှုရဲ့ ၄ဝ % လောက်ကနေ ၆ဝ% လောက်အထိဟာ ကလေးတွေရဲ့ပတ်ဝန်းကျင်အပေါ် မူတည်ပြီး မျိုးရိုးလိုက်တတ်ကြပါတယ်။ အသက်အရွယ်အရရင့်ကျက်တဲ့ဖခင်တွေမှာ ထက်မြက်တဲ့သားသမီးတွေကို ပိုင်ဆိုင်ထားကြတာဟာ မျိုးရိုးလိုက်တဲ့အကြောင်းပြချက်တစ်ခုပဲလို့ သုတေသီတွေက ဆိုကြပါတယ်။

စာချစ်သူတို့ရေ မေမေ့ကို mention ခေါ်ပြီး ကျေးဇူးတင်ကြောင်း ပြောလိုက်ဦးနော်။