အင်အားတွေကိုတလွဲ အသုံးချတဲ့အခါ

စာချစ်သူတို့ရေ….။

ခန္ဓာကိုယ်ရဲ့ ဖွဲ့စည်းပုံအရ အမျိုးသားအများစုဟာ အမျိုးသမီးတွေထက် ပိုပြီးတော့ အင်အားကြီးကြပါတယ်။ ဒါ့အပြင် လုပ်ငန်းခွင်က အုပ်ချုပ်ရေးပိုင်းမှာရှိနေတဲ့ အမျိုးသားတွေဟာလည်းပဲ ပိုပြီးအင်အားကြီးတဲ့ ပုံစံကိုရောက်သွားပါတော့တယ်။ အဲ့ဒီအခါမျိုးတွေမှာ အင်အားကြီးပါတယ်ဆိုတဲ့ တချို့အမျိုးသားတွေဟာ သူတို့ရဲ့အင်အားတွေကို အမျိုးသမီးတွေကို အနိုင်ကျင့်စော်ကားဖို့၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်စော်ကားဖို့ သုံးတတ်ကြပါတယ်။

အမေရိကန်နိုင်ငံရဲ့ စစ်တမ်းတစ်ခုအရ အမျိုးသမီးတွေလုပ်ငန်းခွင်မှာ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံရမှုအများစုဟာ ရာထူးတူအမျိုးသားတွေက ကျူးလွန်ကြတာထက် ရာထူးကြီးတဲ့သူတွေက ကျူးလွန်ကြတာများတယ်လို့ သိခဲ့ရပါတယ်။ အလုပ်ရှင်သူဠေးတွေ၊ အုပ်ချုပ်ရေးတာဝန်ခံတွေက အမျိုးသမီးတွေကို လုပ်အားလစာ၊ ရာထူးတိုးနိုင်ခွင့်တွေကို ဗန်းပြပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ကြတယ်လို့လည်း သိခဲ့ရပါတယ်။ စိတ်ပညာရဲ့ လူ့အမူအကျင့်ဆိုင်ရာလေ့လာသူတွေကလည်း လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်စော်ကားတဲ့ အမျိုးသားအများစုဟာ ရာထူးတူအမျိုးသမီးတွေကို ကျူးလွန်တာထက် ရာထူးနိမ့်တဲ့အမျိုးသမီးတွေကို ကျူးလွန်ကြတာများတယ်လို့ ဆိုပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မှ ရေးသားတင်ဆက်သည်။

ဒါဟာ လူ့အဖွဲ့အစည်းအများစုက အမျိုးသားတွေကို ဆိုဆုံးမတာထက်၊ ကျူးလွန်ခံရခြေများတဲ့ အမျိုးသမီးတွေကို တားဆီးပိတ်ပင်တာ များတာကြောင့် ဖြစ်နိုင်ခြေများတယ်လို့လည်း ကျွမ်းကျင်သူတွေက ဆိုခဲ့ပါတယ်။ အမျိုးသားတွေအနေနဲ့ ရာထူးတွေ၊ အမျိုးသားဖြစ်ခြင်းဆိုတဲ့ အင်အားတွေဟာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်စော်ကားဖို့ အခွင့်အရေးတစ်ခုလားဆိုတာကတော့ မေးခွန်းထုတ်စရာပါပဲ။

သင်ကော…. အဲ့ဒီအပေါ်ဘယ်လိုမြင်လဲ။ Comment box မှာ မျှဝေပေးခဲ့ပါဦး။