ရာသီသွေးကို ယုတ်ညံ့တယ်လို့ သမီးလေးတွေ ထင်မသွားစေဖို့ မိခင်တွေမှာ တာဝန်ရှိပါတယ်။

blank

မီးမီးလေးတွေဟာ အူဝဲလေးဘဝမှာပဲ အမြဲတမ်းရပ်တန့်နေမှာမဟုတ်ဘူးဆိုတာ သမီးမွေးထားတဲ့ မိခင်တွေအားလုံးသဘောပေါက်ထားပြီးသားပါ။ အခုလို အူဝဲလေးအရွယ်ကနေ သွားလေးတွေ ပေါက်လာတဲ့အရွယ်ရောက်တဲ့အခါ သွားတိုက်တတ်အောင် သင်ပေးရမယ်။ အိပ်ချိန်မှန်အောင် သင်ပေးရမယ်။ မူကြိုတက်တဲ့ အရွယ်ရောက်တဲ့အခါ သူ့ရဲ့ ကျောပိုးအိတ်ကို ကိုယ်တိုင်ပြင်ဆင်တတ်အောင် သင်ပေးရမယ်။ သူငယ်ချင်းတွေနဲ့ ဘယ်လိုပေါင်းသင်းဆက်ဆံနေထိုင်ရမယ်ဆိုတာတွေ သင်ပေးရမယ်။ ဒီလိုနဲ့ပဲ ဘာမှမကြာလိုက်ခင်မှာ ဟော်မုန်းပြောင်းလဲတဲ့အချိန်ကို ရောက်လာပါလိမ့်မယ်။

ဒါကြောင့် သမီးလေးကို လစဉ်ဓမ္မတာအကြောင်း နားလည်အောင် ရှင်းပြထားဖို့ ဘာကြောင့်လိုအပ်တာလဲဆိုတဲ့ အကြောင်းရင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။ မိန်းကလေးတွေဟာ အသက် ၁၁ နှစ်နဲ့ ၁၃ နှစ်ကြားမှာ ဓမ္မတာစတင်လာပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ လစဉ်ဓမ္မတာနဲ့ပတ်သက်ပြီး မိခင်ဖြစ်သူက သေချာမရှင်းပြထားတဲ့ မိန်းကလေးတွေဟာ ရာသီသွေးကို ယုတ်ညံ့တဲ့အရာလို့ ထင်မြင်ပြီး ကိုယ့်ကိုယ်ကိုယ်ရွံရှာသွားတတ်ပါတယ်တဲ့။ ဒါကြောင့် လစဉ်ဓမ္မတာလာခြင်းဟာ မိန်းကလေးတွေအတွက် ပုံမှန်အကြောင်းအရာတစ်ခုဖြစ်ပြီးတော့ ဒီအတွက် ရှက်ရွံ့စရာမလိုဘူးဆိုတာကို သမီးလေး နားလည်သဘောပေါက်အောင် ရှင်းပြထားဖို့ အရမ်းအရေးကြီးပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

မိန်းကလေးလေးယောက်မှာ တစ်ယောက်ဟာ ဓမ္မတာစလာတဲ့အချိန်မှာ ဘာလုပ်လို့ လုပ်ရမှန်းမသိပါဘူးတဲ့။ လေ့လာတွေ့ရှိချက်တွေအရ မိန်းကလေး ၁၅ ယောက်မှာ တစ်ယောက်ဟာ သူ့ရဲ့ လစဉ်ဓမ္မတာအကြောင်း မိခင်ကို ပြောရမှာ ရှက်တတ်တယ်လို့ ဆိုပါတယ်။ မိန်းကလေးတစ်ယောက်ဟာ သူမရဲ့ဘဝမှာ လစဉ်ဓမ္မတာကို နှစ်ပေါင်းလေးဆယ်လောက် ကြုံတွေ့ရပါတယ်။ ဘဝသက်တမ်းရဲ့ သုံးပုံနှစ်ပုံလောက်မှာ ဖြစ်ပေါ်နေတဲ့ လစဉ်ဓမ္မတာလာခြင်းအပေါ်မှာ သမီးလေးအနေနဲ့ အကောင်းမြင်စိတ်တွေပဲထားပြီး ရှက်ရွံ့မှုတွေမဖြစ်စေအောင် မပြောင်းလဲပေးချင်ဘူးလား။

သမီးလေးကြုံတွေ့ရမယ့်အပြောင်းအလဲမှာ အထောက်အကူဖြစ်စေဖို့အတွက် သူ့ကို လစဉ်ဓမ္မတာအကြောင်းတွေကို ကြိုတင်ပြောပြထားပေးပါ။ ဒါဟာ ရှက်ရွံ့စရာအကြောင်းတစ်ခုမဟုတ်တာကို သိရှိပြီးတော့ ကိုယ့်ဘဝကို ထိခိုက်စေနိုင်တဲ့အရာမဟုတ်ဘူးဆိုတာ သိရှိသွားပါစေ။

စာချစ်သူတို့တုန်းက မိခင်က လစဉ်ဓမ္မတာနဲ့ ပတ်သက်ပြီး ဘယ်လိုပြောပြခဲ့တယ်ဆိုတာ မျှဝေပေးသွားပါဦးနော်။