ဘာကြောင့် ဘဝမှာ အနည်းဆုံး တစ်ကြိမ်တော့ ချစ်ဖူးသင့်တာလဲ။

          အချစ်ဆိုတာ လှပတဲ့ခံစားချက်တစ်ခုပါ။ နောက်ဆုံးမှာ ကိုယ့်အတွက် ခါးသီးတဲ့ခံစားချက်တွေ ပေးခဲ့မယ်ဆိုရင်တောင်မှပေါ့။

          လူတစ်ယောက်ရဲ့ ဘဝမှာ အချစ်ကို တစ်ကြိမ်တော့ ကြုံတွေ့ဖူးသင့်ပါတယ်။ ဘာလို့လဲ ဟုတ်လား။ ကိုယ်ဟာ လူသားတစ်ယောက်အနေနဲ့ မွေးဖွားလာခဲ့တာလေ။ ဒီ့ထက်ပိုကောင်းတဲ့ အကြောင်းပြချက်ရှိနိုင်ဦးမှာလား။

          အချစ်ဆိုတာ ကိုယ့်ခံစားချက်တွေကို ဖူးပွင့်စေတဲ့ ဆောင်းဦးရာသီဖြစ်သလို တစ်ခါတလေမှာပူလောင်စေတဲ့ နွေရာသီလည်း ဖြစ်နိုင်ပါတယ်။ တကယ်တော့ အချစ်ဆိုတာ ခြောက်သွေ့တဲ့နွေဦးနည်းနည်းရယ်၊ စိုစွတ်စေတဲ့မိုးစက်ကလေးအနည်းငယ်ရယ်၊ ဆောင်းရာသီရဲ့ အေးမြမှုလေးနည်းနည်းရယ် စုပေါင်းထားတဲ့ အရာပေါ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

          အချစ်ဆိုတာ ဘဝကို ပြည့်ပြည့်ဝဝပျော်ရွှင်နိုင်စေတဲ့ အရာတစ်ခုပါ။ အချစ်ဟာ အဖြူအမည်းမဟုတ်တဲ့ ဆေးရောင်စုံခြယ်ပန်းချီကားတစ်ချပ်ပါ။ အချစ်ဆိုတာဟာ အချစ်သီချင်းချိုချိုလေးတွေတင်မကဘဲ ခါးသီးမှုလေးတွေလည်း ပါဝင်ဖြည့်စွက်ထားတဲ့အရာပါ။ အချစ်ဆိုတာဟာ မိုးရေစက်လေးတွေထဲမှာ အတူတူကခုန်နေရုံသာမဟုတ်ဘဲ မုန်တိုင်းတွေကို အတူတူရင်ဆိုင်ခြင်းပါ။ အချစ်ဆိုတာဟာ အပွေ့အဖက်အနမ်းတွေကိုသာ ဆိုလိုချင်တာမဟုတ်ဘဲ တန်ဖိုးရှိလွန်းတဲ့မျက်ရည်တွေကိုပါ ဆိုလိုပါတယ်။

စာချစ်သူတို့ဘဝမှာကော အချစ်နဲ့ တွေ့ခဲ့ပြီးကြပြီလား…