ဒီအခြေအနေတွေနဲ့ ရင်ဆိုင်နေရပြီဆိုရင် သင့်အချစ်ရေးကို ကုစားဖို့လိုအပ်နေပါပြီ။

အချစ်ရေးမှာ မညီမျှဘူး၊ မတရားဘူး၊ အနိုင်ကျင့်ခံနေရတယ်လို့ ခံစားလာရခြင်းကြောင့် စိတ်ဓာတ်ကျတာတွေ၊ စိတ်ညစ်စရာတွေ ခံစားရတတ်ပါတယ်။ အစပိုင်းမှာတော့ ချစ်လို့သည်းခံနေပေမယ့် သင်မသိလိုက်ခင်မှာပဲ ဒီလိုခံစားချက်တွေက သင့်နှလုံးသားကို အမြစ်တွယ်လှိုက်စားပြီး စိတ်ဓာတ်ကျသလို ခံစားစေနိုင်ပါတယ်။ ဒါကြောင့် အချိန်မီ ပြန်လည်ပြင်ဆင်နိုင်အောင် သင့်ကို စိတ်ဓာတ်ကျစေတဲ့အချစ်ရေးအခြေအနေ (၁ဝ)ခုကို ဖော်ပြပေးလိုက်ပါတယ်ရှင်။

၁။ သင့်ချစ်သူက သင့်အပေါ်ကို လွှမ်းမိုးချုပ်ကိုင်တတ်တယ်ဆိုရင်

၂။ သင်ဘာလုပ်လုပ် သင့်ချစ်သူက အမြဲအပြစ်ပြောတတ်တယ်ဆိုရင်

၃။ သင့်ချစ်သူက သင့်ကို အမြဲအမိန့်ပေးတတ်တယ်ဆိုရင်

၎။ သင့်ချစ်သူက သင့်အချိန်၊ သင့်ငွေကြေး၊ သင့်ရဲ့ပေါင်းသင်းဆက်ဆံရေး အားလုံးကို ထိန်းချုပ်တတ်တယ်ဆိုရင်

၅။ ပြဿနာဖြစ်တိုင်း သင်ကပဲ အလျော့ပေးနေရတတ်တယ်ဆိုရင်

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၆။ သင့်ခံစားချက်တွေ၊ ပြဿနာတွေကို သင့်ချစ်သူကို ဖွင့်ပြောတိုင်ပင်ဖို့ တွန့်ဆုတ်တွေဝေနေတတ်တယ်ဆိုရင်

၇။ သင့်ချစ်သူကိုယ်တိုင်က စိတ်ဓာတ်ကျပြီး စိတ်ညစ်နေတတ်တယ်ဆိုရင်

၈။ သင့်ချစ်သူက မကြာခဏ စိတ်တိုပြီး ဒေါသထွက်လွယ်တယ်ဆိုရင်

၉။ သင့်ချစ်သူက သင့်ကို စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာကိုပါ အနိုင်ကျင့်

နှိပ်စက်တတ်တယ်ဆိုရင်

၁ဝ။ သင့်ချစ်သူက အရာရာကို သင်နဲ့အတူမျှဝေမခံစားဘဲ သင့်ကို အရေးမပါသူတစ်ယောက်လို ဆက်ဆံတတ်တယ်ဆိုရင်

သင့်အချစ်ရေးကြောင့် စိတ်ညစ်စရာတွေ မခံစားချင်ဘူးဆိုရင် အထက်မှာဖော်ပြထားတဲ့ လက္ခဏာရပ်တွေကို သတိထားသင့်ပါတယ်။ ဒီအချက်တွေထဲက တစ်ခုခုနဲ့ရင်ဆိုင်နေရပြီဆိုရင် သင့်ချစ်သူကို ဖွင့်ပြောပြပြီး သေသေချာချာ ဆွေးနွေးပါ။ စောဒကတက်တာတွေ၊ အပြစ်ပြောတာတွေက သင့်ချစ်သူကို စိတ်ဓာတ်ကျစေနိုင်ပြီး ပဋိပက္ခတွေ ဖြစ်စေနိုင်တာကိုလည်း သတိပြုသင့်ပါတယ်။ သင့်ချစ်သူကို ပါးနပ်လိမ္မာစွာပြောဆိုပြီး သဘောတူညီမှုအသစ်တွေကို လက်ခံကျင့်သုံးခြင်းဖြင့် မှောင်မိုက်နေတဲ့ သင့်အချစ်ရေးကို မျှော်လင့်ချက်ရောင်ခြည် နွေးနွေးလေးတွေနဲ့ အလင်းပေးလိုက်ပါလို့ အကြံပြုလိုက်ပါတယ်ရှင်။

အချစ်ကြောင့် ပျော်ရွှင်မှုတွေ ဖြစ်တည်လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်။

သူငယ်ချင်းတွေဖတ်ဖို့ SHARE ပေးလိုက်ပါဦး။