အတိတ်ကအချစ်ရေးအကြောင်း လက်ရှိချစ်သူရှေ့ခဏခဏ ပြောမိနေတယ်ဆိုရင်…

blank

လက်ရှိချစ်သူကို ရည်းစားဟောင်းနဲ့ အမြဲနှိုင်းယှဉ်နေခြင်းဟာလည်း ကိုယ့်ချစ်သူ ကိုယ့်အသည်းကိုခွဲသွားနိုင်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ။ တချို့တချို့သော အကြောင်းအရာတွေဟာ အတိတ်မှာထားခဲ့တာက ပိုမိုကောင်းမွန်စေပါတယ်။ ဥပမာ- ရည်းစားဟောင်းအကြောင်းတွေ၊ လက်ရှိချစ်သူကို ရည်းစားဟောင်းနဲ့ နှိုင်းယှဉ်နေမိတာတွေ၊ ရည်းစားဟောင်းနဲ့တုန်းက ကိုယ် ပြုလုပ်နေကျအကျင့်တွေ၊ သူနဲ့ ဘာကြောင့် လမ်းခွဲခဲ့တယ်ဆိုတာတွေပေါ့။

လက်ရှိချစ်သူကို ရည်းစားဟောင်းနဲ့ နှိုင်းယှဉ်နေခြင်းက ဘာကြောင့် မကောင်းတာလဲ။   

ရည်းစားဟောင်းအကြောင်း မကြာခဏပြောဆိုနေခြင်းဟာ ချစ်သူကို ကိုယ့်အပေါ် စိတ်ပျက်သွားမိစေပါလိမ့်မယ်။ ပြီးတော့ သူ့ကိုယ်သူလည်း ရည်းစားဟောင်းနဲ့ နှိုင်းယှဉ်လာမိစေပါလိမ့်မယ်။ ဒီလိုနှိုင်းယှဉ်ခြင်းက ကိုယ့် relationship ကိုပျက်စီးစေပါလိမ့်မယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒါကို ဘယ်လိုပြင်ဆင်နိုင်မလဲ။

ပြီးဆုံးသွားတဲ့ relationship တွေဟာ ကိုယ့်ရဲ့ လက်ရှိပုံစံကို ပုံသွင်းပေးလိုက်နိုင်ပါတယ်။ ပြီးတော့ ချစ်သူရဲ့ ဘယ်လိုအကြောင်းအရာလေးတွေကို ကိုယ် တန်ဖိုးထားတယ်ဆိုတာကို ပိုမိုသိရှိစေပါတယ်။ လက်ရှိ relationship ဟာ စိတ်ချလို့ရတဲ့ အခြေအနေမရောက်သေးသရွေ့ ရည်းစားဟောင်းတွေအကြောင်း မပြောဆိုပါနဲ့။

စာချစ်သူတို့ relationship မှာကော ဒီလိုပြဿနာလေးတွေ ရှိခဲ့ဖူးလား။ ဘယ်လိုဖြေရှင်းဖြစ်ခဲ့လဲဆိုတာ မျှဝေပေးသွားပါဦးနော်။